လက်ဖက်ရည်ဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ဒလန်ဟုကျော်ကြားသောဆိုင်ရှင် ဗုံးထိမှန်၍ ဆေးရုံးသို့ပို့ဆောင်ထား

လက်ဖက်ရည်ဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ဒလန်ဟုကျော်ကြားသောဆိုင်ရှင် ဗုံးထိမှန်၍ ဆေးရုံးသို့ပို့ဆောင်ထား

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၀) ရပ်ကွက်၊ တပင်ရွှေထီးလမ်းပေါ်ရှိ မြိုင်မဟာလက်ဖက်ရည်ဆိုင်အတွင်း ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်း ဗုံးပေါက်ကွဲမှုကြောင့် ဒလန်ဟုသတ်မှတ်ခံထားရသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ ခြေထောက်နှင့် ပေါင်တို့တွင် ဗုံးထိမှန်၍ ဆေးရုံသို့ ပို့ဆောင်ထားခဲ့သည်။

“ဗုံးပေါက်တာက မနက် ၆ နာရီဝန်းကျင်လောက်ဘဲ။ စစ်တပ်နဲ့ ရဲတွေရောက်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးနေတယ်။ သူက စစ်တပ်နဲ့ ပတ်သက်နေတဲ့သူလို့တော့ ကြားတယ် ဘယ်လိုပတ်သက်လည်းဆိုတာတော့ မသိဘူးဗျ။ ရပ်ကွက်အတွင်းမှာတော့ နည်းနည်းစိုးရိမ်နေရတာပေါ့။ သူတို့က ဒီလိုဖြစ်ရင် ဆိုင်ဆိုင်မဆိုင်ဆိုင် လျှောက်ရှာပြီး ဖမ်းဆီးတာမျိုးတွေလုပ်နေတော့ စိုးရိမ်နေရတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ စစ်ကောင်စီသတင်းပေးများနှင့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုများ လုပ်ကြံသတ်ဖြတ်ခံနေရပြီး၊ အချို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်မှုများလည်း ရှိနေသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...