သံဖြူဇရပ်မြို့တွင် အောက်စီဂျင်စက်ရုံ ၆၀ ရာနှုန်းနီးပါးပြီးစီး

သံဖြူဇရပ်မြို့တွင် အောက်စီဂျင်စက်ရုံ ၆၀ ရာနှုန်းနီးပါးပြီးစီး
Photo - ဗိုလ်အောင်ဒင်
Photo - ဗိုလ်အောင်ဒင်

သံဖြုဇရပ်မြို့ ၁၆ တန် Liquid oxygen စက်ရုံ (ဖောင်စိန်) နှင့် ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်စီဂျင်စက်ရုံ ၂ ရုံ ယခုလကုန်ပိုင်းအတွင်း ပြီးစီးနိုင်မည်ဟု သံဖြူဇရပ်မြို့နယ် အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

သံဖြူဇရပ်မြို့နယ် အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေး ဆပ်ကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ဦးထွန်းမြင့်ကျော် (ခေါ်) နိုင်မင်းလတ်က “စက်ပစ္စည်းတွေလည်း အကုန်ရောက်နေပြီး ဆင်စရာရှိတာလည်းဆင်နေပါပြီး ရုံးကလည်း ဆောက်နေပြီးဆိုတော့ ၄၀/၆၀ ရာနှုန်းလောက်တော့ ပြီးနေပြီ၊ စက်က ၂ မျိုးဆိုတော့ နေရာကလည်း ၂ နေရာပေါ့ အများဆုံးတော့ ဒီလကုန်လောက်ဆို လည်ပတ်နိုင်တော့မယ်ထင်တယ်” ဟု ပြောသည်။

အောက်စီဂျင်ရရှိရေးအတွက် သံဖြူဇရပ်မြို့နယ်တွင် အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်နေပြီး ပထမပိုင်းအနေဖြင့် လူနာ ၁၂ ယောက်တစ်ပြိုင်တည်း အောက်စီဂျင်ပေးနိုင်သည့် အောက်စီဂျင်ပေးစက်နှင့် အောက်စီဂျင်အရည်ဖြည့်ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဒုတိယပိုင်းအနေဖြင့် ၁၆ တန် Liquid Oxygen စက်ရုံ (ဖောင်စိန်) စက်ရုံပြီးစီးသွားပါက တစ်ရက်လျှင် liquid oxygen (၄၀) လီတာအိုး ၁၀၀၀ အထိ ထုတ်လုပ်နိုင်ခြင်း၊ တတိယပိုင်းအနေဖြင့် သံဖြူဇရပ်မြို့နယ်ဆေးရုံနှင့် Quaratine Center များအတွက် သံဖြူဇရပ်မြို့နယ်ဆေးရုံဝင်းအတွင်း Oxygen Plant တစ်လုံးတည်ဆောက်လျှက်ရှိပြီး Oxygen စက်ရုံများအားလုံးပြီးစီသွားပါက အခြားမြို့နယ်များကိုပေးလှူနိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်။

“အဓိက, က သံဖြူဇရပ်မြို့နယ်အတွင်းကဆေးရုံ ၆ ခုကို ဦးစားပေး ၁ လို့သတ်မှတ်မယ်၊ ပရဟိတ္တအဖွဲ့တွေကို ဦးစားပေး ၂၊ အိမ်ထဲမှာရှိနေတဲ့ လူနာတွေကို ဦးစားပေး ၃ ပြီးရင် ဦးစားပေး ၄ မှ သံဖြူဇရပ်မြို့ ပြင်ပတွေကို ဦးစားပေးသွားမယ် အဲလိုအကြမ်းဖျဉ်းတော့ ရှိပါတယ်” ဟု ဦးထွန်းမြင့်ကျော်က ပြောသည်။

လက်ရှိတွင် မော်လမြိုင်မြို့အပါအဝင် မြို့နယ်အားလုံး၌ လတ်တလော အောက်စီဂျင်လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း၊ အလားတူ မော်လမြိုင် သာသနာနွယ်ဖောင်ဒေးရှင်းကလည်း အောက်စီဂျင်စက်ရုံတစ်ရုံ ဆောက်လုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။

May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...