ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ စနစ်တကျ စီစဉ်ထားမှုမရှိ

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ စနစ်တကျ စီစဉ်ထားမှုမရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စစ်ကောင်စီမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရာမှာ သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စီစဉ်ပေးထားမှုမရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို သြဂုတ် (၁) ရက်နေ့ခန့်က သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့အတွက် ပြည်သူများသည် မနက် ၇ နာရီမှ ၁၀ နာရီထိ သွားရောက်တန်းစီစောင့်နေရသည်။

“ကာကွယ်ဆေးထိုးဖို့အတွက် သတင်းအတိအကျ ပြည်သူတွေမသိရဘဲ မိုးရွာထဲမှာတန်းစီပြီး အထဲရောက်မှ စာရင်းရေးသွင်းထားတာ မရှိတော့ မထိုးရဘဲ ပြန်သွားရတာ အများကြီးပဲရှိပါတယ်” ဟု တောင်ကြီး မြို့တော်ခန်းမတွင် သွားရောက်တန်းစီသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်စာရင်းကောက်ယူခြင်း၊ သတင်းအချက်လက်စီးဆင်းမှု အားနည်းခြင်း စသည်တို့ကြောင့် ပြည်သူများက အချိန်မကုန်သင့်ဘဲ သွားရောက်စောင့်ဆိုင်းနေရကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

“ခုက ဘယ်ချိန်ထိုးပေးမယ်။ ဘယ်နေရာက ထိုးပေးမယ်ဆိုတာ ဘာတစ်ခုမှမသိရဘူး။ မြို့တော်ခန်းမမှာ တန်းသွားစီတော့ ထိုးမယ့်နေရာမဟုတ်ဘူး။ မိုးလုံလေလုံအားကစားကွင်းမှာဆိုပြီး ဖြစ်သွားပြန်ရော၊ နေရာအတိအကျ မပြောထားဘူး” ဟု တောင်ကြီးဒေသခံ အသက် (၅၀) ကျော် အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိ တောင်ကြီးမြို့သည် နေ့လည် (၁၂) နာရီအထိသာ အပြင်ထွက်ခွင့်ပြုပြီး ကဒ်မပါလျှင် ဥပဒေအရ အရေးယူမည်ဟု စစ်ကောင်စီ လက်အောက်ခံ တာဝန်ရှိသူများက ရပ်ကွက်တွင်းသို့ လိုက်လံနှိုးဆော်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...