မြန်မာစစ်တပ်၏လုပ်ရပ်များက ဒီမိုကရေစီစနစ်ဆီ ပြန်သွားရေး လမ်းကြောင်းကနေ သွေဖယ်သွားနေဟု ကုလပြော

မြန်မာစစ်တပ်၏လုပ်ရပ်များက ဒီမိုကရေစီစနစ်ဆီ ပြန်သွားရေး လမ်းကြောင်းကနေ သွေဖယ်သွားနေဟု ကုလပြော

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်က အရေးပေါ်အခြေအနေကြေညာမှု သက်တမ်းတိုးပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်း နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသည့် ထုတ်ပြန်ကြေညာခဲ့မှုအပေါ် ကုလသမဂ္ဂက သြဂုတ်လ ၂ ရက်တွင် တုံ့ပြန်ခဲ့ပြီး မြန်မာစစ်တပ်၏ အဆိုပါ လုပ်ရပ်များက နိုင်ငံတကာက တောင်းဆိုထားသည့် ဒီမိုကရေစီစနစ်ဆီ ပြန်သွား‌ရေး လမ်းကြောင်းကနေ မှားယွင်းသည့် ဦးတည်ရာသို့ သွားနေခြင်းဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။

နိုင်ငံတွင် ရွေးကောက်ခံ အစိုးရတစ်ရပ်ထံမှ အာဏာသိမ်းယူပြီးနောက် ခြောက်လအကြာတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းကိုယ်ကိုယ် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် ကြေညာခဲ့သလို ၎င်းအနေဖြင့် နိုင်ငံတွင် လာမည့် နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမှုမတိုင်မီအထိ ဦးဆောင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဒါက တကယ်တော့ သူတို့ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း သွားနေတာ မဟုတ်ပါဘူး” ဟု ကုလ ပြောရေးဆိုခွင့်ရှိသူ စတီဖာနီ ဒူဂျာရစ်က မြန်မာစစ်တပ်ကြေညာချက်နှင့်ပတ်သက်ပြီး ပြောဆိုသွားခဲ့သည်။

“မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်တွေက မြန်မာမှာ ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ပြန်သွားဖို့၊ နိုင်ငံရေး အကျဥ်းသားအားလုံး ပြန်လွှတ်ဖို့၊ အကြမ်းဖက်မှုနဲ့ ဖြိုခွင်းနှိမ်နင်းမှုတွေ ရပ်တန့်ဖို့အတွက် ကျွန်တော်တို့ တောင်းဆိုနေတဲ့၊ အဖွဲ့၀င်နိုင်ငံတွေ တောင်းဆိုနေတဲ့ လမ်းကြောင်းကနေ ပိုပြီးတော့တောင် အလှမ်းဝေးသွားစေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရထံကနေ ဖေဖေါ်၀ါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အရေးပေါ် အခြေအနေ ကြေညာခဲ့သလို ယင်းလုပ်ရပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ခွင့်ပြုထားကြောင်း အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများက ပြောခဲ့သည်။

ထိုကဲ့သို့ စစ်တပ်အာဏာသိမ်းမှုက ပြည်သူလူထု၏ ဆန့်ကျင်ဆန္ဒပြမှုနှင့် ကြုံတွေ့နေခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့များဘက်က လူ့အသက်သေစေသော  လူမဆန် ရက်စက်သည့် ဖြိုခွင်းနှိမ်နင်းမှုများကို လုပ်ဆောင်ထားခဲ့သည်။

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...