ကန်ပက်လက်တွင် ရဲတပ်သား ၂၃ ဦးထံ ကိုဗစ်ပိုးတွေ့ရှိ၊ လက်ရှိတွင် ကိုဗစ်ကြောင့် ၄၄ ဦး ကုသမှုခံယူနေ

ကန်ပက်လက်တွင် ရဲတပ်သား ၂၃ ဦးထံ ကိုဗစ်ပိုးတွေ့ရှိ၊ လက်ရှိတွင် ကိုဗစ်ကြောင့် ၄၄ ဦး ကုသမှုခံယူနေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တာဝန်ကျ လုံခြုံရေးရဲတပ်သား ၂၃ ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး လက်ရှိ ကန်ပက်လက်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၄၄ ဦးမှာ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

“နေပြည်တော်ကနေပြီး တာဝန်လာကျတဲ့ ရဲတပ်ရင်းကအဖွဲ့တွေ၊ သူတို့က ထွေအုပ်ရုံးမှာ သီးသန့် လုံခြုံရေးယူထားတဲ့သူတွေ၊ မြို့တွင်းကနေပဲ ကူးစက်ခံရတာထင်တယ်၊ ၃၀ ကိုစစ်တဲ့အခါ ၂၃ ဦးကို ပိုးတွေ့တာ၊ အစက အ.ထ.က ကျောင်းမှာ အဖွဲ့တွေပေါင်းပြီး နေကြပေမယ့် အခု ပိုးတွေ့ ၂၃ ယောက်ကို ကျောင်းဆောင်တခုမှာပဲ သီးသန့်ခွဲထားကြတယ်၊ သူတို့က လုံခြုံရေးအဖွဲ့ဖြစ်တဲ့အပြင် ဆေးရုံတက်ရလောက်တဲ့အထိ အရမ်းပြင်းထန်တဲ့လက္ခာတွေလဲ မရှိကြဘူး၊ တယောက်က အနံ့သိပ်မရလို့ ပိုးစစ်ကြည့်တော့ တွေ့ကြတာပါ၊ ကိုဗစ်လူနာအားလုံးက ၅၄ ယောက်ရှိခဲ့ပြီး ၁၀ ယောက် ဆေးရုံကနေ ဆင်းခွင့်ရတော့ လက်ရှိ ၄၄ ယောက် ဆေးကုသမှုခံယူနေကြတယ်” ဟု ကန်ပက်လက်မြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပိုးတွေ့လူနာများသည် ကန်ပက်လက်မြို့နယ်တွင် လုံခြုံရေးယူရန်ရောက်ရှိလာသော ရဲတပ်ရင်းက ရဲတပ်သားများနှင့် မြို့ပေါ်နေပြည်သူများဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးမှာလည်း စိုးရိမ်ရသည့်လူနာများမရှိကြောင်း သိရသည်။

ကန်ပက်လက်မြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်မရှိပဲ တာဝန်ယူကြပ်မတ်ပေးသော ကျန်းမာရေးဝန်ထမ်း ၇ ဦးသာရှိပြီး ကိုဗစ်ပိုးတွေ့လူနာများအတွက် ဆောင်ရွက်ရာတွင် အခက်အခဲကြုံတွေ့နေရသောကြောင့် ဆရာဝန်ကြီးလိုအပ်နေကြောင်းလည်း ၎င်းကပြောသည်။

ကန်ပလက်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၅၄) ဦးအထိရှိခဲ့ပြီး (၁၀) ဦးမှာ ကျန်းမာရေးကောင်းမွန်သောကြောင့် ဆေးရုံကနေ ဆင်းခွင့်ပြုကာ လက်ရှိတွင် ကိုဗစ်ပိုးတွေ့လူနာ ၄၄ ဦး ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

 
 

 

 

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...