အိမ်စောင့်အစိုးရ၏ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း

အိမ်စောင့်အစိုးရ၏ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပြည်နယ်နှင့်တိုင်း အသီးသီးရှိ အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရာထူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ ၅ နေရာကို ဩဂုတ်လ ၁ ရက်က ထုတ်ပြန်ကြေငြာခဲ့သည်။

ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် တိုင်းရင်းသားရေးရာဝန်ကြီး၊ ဥပဒေချုပ်နေရာများကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးဇော်လင်းထွန်းကို မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်မှူးကြီးနေထွဋ်ဦးကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့သည်။

MUP ပါတီမှ နိုင်လယီတမ ‌(ခေါ်) နိုင်ခင်မောင်ဇင်ကို စီးပွားရေးရာဝန်ကြီးနှင့် ပြည်ခိုင်ဖြိုးပါတီ USDP ဦးအောင်ကြည်သိန်းတို့ကို ပြည်နယ် သယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ပေးခဲ့သည်။

မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ လူမှုရေးရာဝန်ကြီး ဦးတင်ချယ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ရဲမှူးကြီး သက်နိုင်တို့ကို တာဝန်ပေးခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးများသည် တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၆ ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး (သို့) ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း ယမန်နေ့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

Photo - မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

 
 

 

 

May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...