အလံထောင်ပြီး စားဝတ်နေရေးခက်ခဲကြောင်း ပြသည့်နေအိမ်ကို အုပ်ကြီးက ခေါ်ကြိမ်း

အလံထောင်ပြီး စားဝတ်နေရေးခက်ခဲကြောင်း ပြသည့်နေအိမ်ကို အုပ်ကြီးက ခေါ်ကြိမ်း

ကိုဗစ်တတိယလှိုင်းပြင်းထန်ပြီး အလုပ်လက်မဲ့ဖြစ်နေချိန် မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် အလံထောင်ကာ အကူအညီတောင်းသည့် ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်မှ နေအိမ်အား စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ခေါ်ယူကြိမ်းမောင်မှု ဇူလိုင်လ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သည်။

“သူတို့က သားမိသုံးယောက်နေကြတာ၊ သားနှစ်ယောက်မှာ အကြီးတစ်ယောက်က ရောဂါသည်၊ ငယ်ကောင်လေးကလဲ အလုပ်တွေပိတ်လို့နားရတာ သုံးလလောက်ရှိပြီ၊ အဲ့တော့ မိသားစု စားဝတ်နေရေးရော၊ ဆေးဖိုးပါမရှိလို့ အကူအညီတောင်းတာ၊ ကျွန်တော်တို့သွားပြီးလှူထားတာမကြာသေးဘူး၊ အဲ့တာကို စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးက ခေါ်ပြီးကြိမ်းတယ်တဲ့ ဘာတွေပြောလိုက်လဲတော့ သေချာတော့မသိဘူး” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

မင်္ဂလာဒုံလေယာဉ်ကွင်းအနီးက ကြံခင်းစုရပ်ကွက်တွင် လက်ရှိအုပ်ချုပ်ရေးမှူး အသက် ၆၀ အရွယ် ဦးစိုးဝင်းသည် အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသူဖြစ်ကြောင် သိရသည်။

သူ့အရင်တွက် ရွေးကောက်ခံ အသက် ၄၀ အရွယ် ဦးသန်းဆွေက အုပ်ချုပ်ရေးမှူးဖြစ်ပြီး စစ်အာဏာသိမ်းအစိုးရအောက် အုပ်ချုပ်ချုပ်ရေးမှူးအဖြစ်မှနုတ်ထွက်ကာ ဖမ်းဆီးခံထားရသည်။

အာဏာသိမ်းကာလ ကိုဗစ်တတိယလှိုင်း ပြင်းထန်နေချိန် အလုပ်လက်မဲ့ဖြစ်နေရသည့်ပြည်သူများ စားဝတ်နေရေးနှင့် ကျန်းမာရေးအခက်အခဲဖြစ်နေရာ ပြည်သူအချင်းချင်း ကူညီမှုတွေပြုလုပ်နေရသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများကလည်း ထိုသို့ကူညီသူများကို နှောက်ယှက်မှုများပြုလုပ်နေသလို အလံဖြူ၊ အလံဝါထောင်သည့်အိမ်များကို ခေါ်ယူသတိပေးကြိမ်းမောင်းခြင်းများ ပြုလုပ်လျှက်ရှိသည်။

 
 

 

 

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...