မွန်ဇာတ်မင်းသားကြီး မွန်စိန်အောင် အသက် (၈၇) နှစ် ကွယ်လွန်

မွန်ဇာတ်မင်းသားကြီး မွန်စိန်အောင် အသက် (၈၇) နှစ် ကွယ်လွန်

မွန်ဇာတ်မင်းသားကြီး မွန်စိန်အောင် အသက် (၈၇) နှစ်သည် သံဖြူဇရပ်မြို့ အောင်သာယာနေအိမ်၌ ဇူလိုင် (၃၀) ရက်၊ ည (ရး၁၅) အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

“မွန်ဆိုတာကို အများကသိအောင်လို့ နာမည်ရှေ့ဆုံးကထားပြီး မှည့်ခဲ့တာပါ” ဟု ၎င်း၏ အင်တာဗျူးမှတ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။

မွန်စိန်အောင်သည် ဇာတ်မင်းသားတို့နှင့် လိုက်ဖက်သည့် ရုပ်ရည်ရူပကာရှိသူဖြစ်သည့်အလျှောက် တချိန်က မွန်ပျိုမေတို့အကြား အသည်းစွဲမင်းသားတစ်ပါးဖြစ်ခဲ့ကြောင်း သိရသည်။

အကဝိဇ္ဇာ မွန်စိန်အောင်၏ ခေါင်းအကသည် ၎င်း၏အနုပညာသင်္ကတအဖြစ် ကျန်ရစ်နေခဲ့ကြောင်း တွေ့ရွိရသည်။

ဝန်ကြီးချုပ်ဦးနု ပါလီမာန်ခေတ် (၁၉၅၇ ခုနှစ်) က မော်လမြိုင်မြို့၌ကျင်းပသော မွန်ယဉ်ကျေးမှုပြပွဲတွင် ရွှေတံဆိပ်ချီးမြှင့်ခြင်းခံခဲ့ရသဖြင့် နိုင်ငံကျော် ဇာတ်မင်းသားတစ်ပါးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

“ဖေဖေရေ ဖေဖေ့ကို နောက်တကြိမ်ပြန်တွေ့ဖို့ သမီးလေး ဆုတောင်းမပြည့်ခဲ့ဘူး နောက်ဘဝများရှိခဲ့ရင် ဖေဖေ့ရဲ့သမီလေးပဲ ဖြစ်ခွင့်ပေးပါ၊ ဖေဖေ ကောင်းရာဘုံဘဝမှာ ရောက်ရှိနိုင်ပါစေလို့ အဝေးကနေ သမီးဆုတောင်းပေးလိုက်ပါတယ်” သြစတေးလျနိုင်ငံတွင်နေထိုင်သည့် သမီးဖြစ်သူ မိအေးမွန်စန်း၏ လူမှုစာမျက်နှာတွင် ရေးသားဖော်ပြသည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...