တမူးမြို့နယ် ကျွန်းပင်သာရွာက ဖမ်းဆီးခံရသော ချင်းလူငယ် ၄ ဦး ပြန်လည်လွတ််မြောက်လာ

တမူးမြို့နယ် ကျွန်းပင်သာရွာက ဖမ်းဆီးခံရသော ချင်းလူငယ် ၄ ဦး ပြန်လည်လွတ််မြောက်လာ

စစ်တိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ မင်းသာကျေးရွာအုပ်စု ကျွန်းပင်သာရွာက ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီက ၁၅ ရက်အကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

“၂၆ ရက်နေ့က လူငယ် ၄ ယောက်ကို ပြန်လွတ်ပေးခဲ့ပြီ၊ သူတို့က ဘာအပြစ်မှမလုပ်ထားလို့နေမှာ၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းတယ်၊ သူတို့က ၃-၄ လလောက် အပြင်မထွက်ခိုင်းဘူး၊ အိမ်မှာပဲနေဖို့ပြောတယ်၊ ကျန်းမာရေးတော့ကောင်းကြတယ်၊ သူတို့မေးမြန်းတာတွေအရ PDF တွေနဲ့ ပက်သက်မှုရှိတယ်ဆိုတဲ့ သံသယစိတ်နဲ့ ဖမ်းတာနေမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျွန်းပင်သာကျေးရွာက အဖမ်းခံရသည့် ချင်းလူငယ် ၄ ဦးမှာ ကိုဟင်လင်းမာန်၊ ဦးရမ်လင်မုံ၊ ကိုဆွန်မင်ထန်၊ ကို Lal Lin San တို့ဖြစ်ကြဖြစ်ပြီး ၎င်းတို့ကို ဇူလိုင်လ ၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၀ ရက်နေ့ညတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တမူးခရိုင်၊ နောင်ကတ်ရွာသစ်က ချင်းလူငယ် ၄ ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းဖျောက်ခဲ့ကြသည်။

ကျွန်းပင်သာကျေးရွာသည် တမူးမြို့မှ ၁၉ မိုင်ခန့်ကွာဝေးပြီး ကူကီးချင်းမျိုးနွယ်စု အများဆုံးနေထိုင်ကြကြောင်းလည်း သိရသည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...