ခမ်းပတ်မြို့ အနီးကို စစ်ကောင်စီက ဗုံးအလုံးရေအမြောက်အများနဲ့ တိုက်ခိုက်

ခမ်းပတ်မြို့ အနီးကို စစ်ကောင်စီက ဗုံးအလုံးရေအမြောက်အများနဲ့ တိုက်ခိုက်

အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်ပိုင်း အိန္ဒိယ - မြန်မာနယ်စပ်လမ်းကြောင်းတခုဖြစ်တဲ့ ကလေး - ခမ်းပတ် - တမူး လမ်းမ ပြန်ဖွင့်နိုင်ဖို့ ကြိုးစားလာတာရှိပြီး ဇွန်လ ၄ ရက်နေ့ မနက်အစောပိုင်းကလည်း ခမ်းပတ်မြို့အနီးနားတဝိုက်ကို စစ်ကောင်စီတပ်က ဗုံးအလုံးရေအမြောက်အများနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

အိန္ဒိယ - မြန်မာနယ်စပ် လမ်းမပေါ်မှာရှိပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ Y – 12 နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး စခန်းအနီးအနား ကျတာတွေ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့လည်း CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

"မင်းအောင်လှိုင်အိန္ဒိယဘက် သွားတဲ့ချိန်မှာ အင်တာဗျူးတွေလည်း ကျနော်တို့တွေ့ရတယ်။ တွေ့ရတာက အိန္ဒိယနဲ့ တမူး ၊ ကလေး လမ်းကြောင်းကို ပထမဆုံး နယ်စပ်ဖွင့်ဖို့ကို သူတို့ဘက်က ကြိုးစားတယ်ဆိုတာတွေ့ရတယ် ဆိုတော့ စစ်ရေးက ကလေးမြောက်ပိုင်းဘက်ကို ထိုးစစ်ဆင်ဖို့ရန်အတွက် သူတို့ဘက်က ကြိုးစားနေတဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။ အဲဒီနေရာမှာ ကျနော်တို့ အခု ဒီမနက်မှာ Y – 12 နဲ့ ချတာပါ။ ကျနော်တို့ စခန်းဆိုတာထက် Y – 12 နဲ့ ချတဲ့ချိန် စခန်းအနီးအနား ကျသွားတာရှိပါတယ်။ ခမ်းပတ်အနီးအနားတဝိုက် ကြတယ်ဆိုတဲ့ပုံစံပါဘဲ။ ဘာမှ ထိခိုက်ဒဏ်ရာရသူတွေလည်း မရှိပါဘူး” လို့ CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ အိန္ဒိယ - မြန်မာနယ်စပ် တခုဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြောက်ပိုင်း ကလေး - ခမ်းပတ် - တမူး လမ်းမတလျှောက် ပြန်ဖွင့်နိုင်ဖို့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ ပိုလုပ်လာနိုင်တယ်လို့လည်း CNO / CNDF ပြာရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ခမ်းပတ်မြို့ကို ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ လဆန်းလောက်မှာ ဒေသတွင်း လက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ဒီကနေ့ အချိန်ထိ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...