ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရ

ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရ

ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာဥက္ကဌ ဦးကျော်မြင့်သည် အမည်မသိ လက်နက်ကိုင်လေးဦးက ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းက ၎င်း၏ နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

"ဆိုင်ကယ် ၂ စီးနဲ့ လူလေးယောက် အိမ်ထဲလာပြီး ဥက္ကဌကို အိမ်အောက်ခေါ်ဆင်းပြီး ခေါင်းကိုလေးချက်ပစ်သွားတယ်လို့ပြောတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

၎င်းကို ပစ်ခတ်သွားသူသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးပေ။

ဟုမ္မလင်းမြို့နယ်တွင် ဧပြီလ ၁၄ ရက်နေ့ကလည်း သဖန်းကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရသည်။

 
 

 

 

ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...