BGF တပ်ဖွဲ့များက ဒေသခံတောင်ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးပစ်ချခဲ့သည်ဟု KNU ထုတ်ပြန်

BGF တပ်ဖွဲ့များက ဒေသခံတောင်ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးပစ်ချခဲ့သည်ဟု KNU ထုတ်ပြန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် (တပ်မဟာ ၅)၊ ဒွယ်လိုးမြို့နယ် လေးဖိုးထာ့ကျေးရွာအုပ်စု (နိုခဲထာ့) မို့လို့ပါရွာအနီးရှိ နယ်ခြားစောင့်တပ် (BGF) များသည် ဇူလိုင်လ ၂၇ ရက်နေ့က ဒေသခံများ၏ တောင်ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီးပစ်ချမှုများ လုပ်ဆောင်ခဲ့သည်ဟု KNU မူတြော်ခရိုင်က ယမန်နေ့ (ဇူလိုင် ၂၉ ရက်) သတင်းထုတ်ပြန်ထားသည်။

၎င်းနယ်မြေတွင် စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် BGF တပ်ရင်း (၁၀၁၄) တပ်ရင်းမှူး ဗိုလ်မှူးမောင်ချစ်က ၎င်း၏လက်အောက်ခံ တပ်ဖွဲ့ဝင်များအား ဒေသခံများ၏ တောင်ယာလုပ်ငန်းခွင်ထဲသို့ လက်နက်ကြီး ၁၅ လုံး ပစ်ချစေခဲ့သည်ဟု KNU မူတြော်ခရိုင်၏ Mutraw News ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အပြင် ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ စစ်လက်နက်ပစ္စည်းနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ရန်အတွက် ဖာပွန်မြို့မှ ခေါပုပ်စခန်းအထိ လမ်းကင်းများချထားသလို ယမန်နေ့ (ဇူလိုင် ၂၉ ရက်) နေ့တွင် လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု ဘောလေးဒဲဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း KNU မူတြော်ခရိုင်ဘက်က ပြောသည်။

KNU မူတြော်ခရိုင်ထဲတွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သလို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ဒွယ်လိုးမြို့နယ် ကူးဆိပ်ကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာတွင်းသို့ဝင်ရောက်ကာ ဒေသခံနေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...