စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းကို ကျားခေါင်းပါတီ လက်မခံ

စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းကို ကျားခေါင်းပါတီ လက်မခံ

စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့က ကြေညာခဲ့ပြီးနောက် ကျားခေါင်းပါတီက ထိုလုပ်ရပ်များကို လက်ခံနိုင်စရာအကြောင်းမရှိကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ၊ တရားမဲ့ပြုကျင့်မှုများ ရှိနိုင်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ထွက်ပေါ်လာသည့် မဲရလဒ်များသည် ပြည်သူများ၏ ဆန္ဒအမှန်ဖြစ်သည်ဟု ဆိုထားသည်။

စစ်ကောင်စီက ဆုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဌာန်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ နည်းဥပဒေများကို ဆန့်ကျင်ကျော်လွန်နေပြီး ဒီမိုကရေစီ အင်္ဂါရပ်များနှင့်စံနှုန်းများကိုလည်း သွေဖယ်နေကြောင်း ပြောဆိုထားသည်။

ယခု ဖျက်သိမ်းမှုသည် မဲပေးခဲ့သည့် ပြည်သူများ၊ ဥပဒေနှင့်အညီ ရွေးကောက်ပွဲဝင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများကို မတရားသဖြင့် နိုင်ထက်စီးနင်းပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ၎င်းတို့၏ အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ် ၄၂ ဦးကိုလည်း ၎င်းတို့သက်ရာဆိုင်ရာ မဲဆန္ဒနယ်၏ လူထုကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားကြောင်း ကြေညာထားသည်။

ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...