ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံမှ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများကို ပြန်လွှတ်ပေးရန် အိန္ဒိယကို HRW တိုက်တွန်း

ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံမှ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများကို ပြန်လွှတ်ပေးရန် အိန္ဒိယကို HRW တိုက်တွန်း

အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံမှ နိုင်ငံ‌ရေးခိုလှုံခွင့်တောင်းသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန်အတွက် နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW (Human Rights Watch) က အိန္ဒိယအာဏာပိုင်များကို ဇူလိုင် ၂၈ ရက်က တိုက်တွန်းတောင်းဆိုခဲ့သည်။

အလားတူ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံလာသည့် အမျိုးသမီးနှစ်ဦး အိန္ဒိယတွင် ထိန်းသိမ်းခံထားရစဉ်အတောအတွင်း ပြီးခဲ့သည့် ဇွန်လက ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့မှုကို စုံစမ်းစစ်ဆေးပေးရေးအတွက် HRW က အိန္ဒိယတာဝန်ရှိသူများကို တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံကနေ နိုင်ငံရေးခိုလှုံခွင့်တောင်းသူများကို အိန္ဒိယတွင် ဘေးကင်းလုံခြုံသည့် ခိုလှုံရာနေရာတစ်ခု ကမ်းလှမ်းပေးသင့်ကြောင်း၊ ၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်းပြီး အခွင့်အရေးများ ပိတ်ပင်ခြင်းတို့ မလုပ်သင့်ကြောင်း HRW ၏ တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မီးနက်ခ်ရှီးဂန်ဂူလီက ပြောသည်။

အိန္ဒိယအစိုးရအနေဖြင့် အကျပ်အတည်းဒုက္ခတွေ့ကြုံသူများ၏ ကောင်းကျိုးအတွက် ကာကွယ်ရန်အလို့ငှာ ကုလဒုက္ခသည်အေဂျင်စီနှင့် နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်ရန်လိုသလို နိုင်ငံတကာ ဥပဒေတာဝန်ဝတ္တရားများကို ထိန်းသိမ်းရန်လိုကြောင်း သူမကပြောခဲ့သည်။

တချိန်တည်းမှာပင် HRW အဖွဲ့က မြန်မာအာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို ထုတ်ဖော်သွားခဲ့ပြီး အဆိုပါ အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတဝန်း အာဏာသိမ်းမှုဆန့်ကျင်သော လှုပ်ရှားမှုများကို ဖိနှိပ်ရန်နှင့် အမြင်သ‌ဘောထားမတူသူများကို နှိပ်ကွပ်ရန် ဖေဖေါ်ဝါရီလက သေဒဏ်ချမှတ်မှု ၆၅ ခု လုပ်ဆောင်ထားခဲ့သည်။

ထို့ပြင် စစ်အုပ်စုသည် အာဏာသိမ်းပြီးနောက် တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များ၊ အစိုးရဝန်ထမ်းများနှင့် နိုင်ငံရေးသမားများကို မတရား ဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုများလည်း လုပ်ဆောင်ထားကြောင်း ယင်းက ထုတ်ဖော်သွားခဲ့သည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...