ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း သိရ

ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း သိရ

ယနေ့ ဇူလိုင် ၂၈ ရက်နေ့အထိ ထန်တလန်မြို့တွင် ကိုဗစ် ၁၉ ကူးစက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၉ ဦးအနက် ၆ ဦး သေဆုံးပြီဖြစ်ကြောင်း Covid 19 Emergency Response Committee Thantlang အဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"ကျွန်တော်တို့ အခု ဇူလိုင်လ ၂၈ ရက်နေ့ ဒီနေ့အထိပေါ့နော် (၁၆) ကြိမ်မြောက်စစ်တာက စစ်ဆေးခံရသူက ၆၈၄ ယောက်ပေါ့နော်၊ ပြီးရင် ပိုးတွေ့လူနာက ၁၅၉ ယောက်ရှိတယ်၊ အဲဒီ ၁၅၉ ယောက်ထဲမှာ ၆ ယောက်က ဆုံးသွားပြီ၊ ပြီးရင် ရောဂါကနေ ပြန်ပြီးတော့ နေကောင်းလာတဲ့သူက အယောက် ၉၀ ရှိပြီ။ အခု ကျွန်တော်တို့ Mini hospital မှာ ကိုဗစ်လူနာတိုင်းကို မထားဘူး၊ အောက်ဆီဂျင်ရှူရမယ့် အဆင့်ရောက်တဲ့ လူနာတွေပေါ့နော်၊ အောက်ဆီဂျင် နည်းနည်းကျတဲ့လူနာတွေ အောက်ဆီဂျင် မရှူလို့မရတဲ့လူနာတွေကို ထားတယ်၊ အခုလက်ရှိမှာတော့ ၇ ယောက်ရှိတယ်။ အောက်ဆီဂျင်ပိုင်းမှာတော့ နည်းနည်းတော့ အခက်ခဲရှိတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဒီဘက်မှာ ဟားခါးမှာလည်း ဖြည့်လို့ မရဘူး၊ ပြီးရင် ဖလမ်းမှာလည်း ဖြည့်လို့မရဘူး၊ ကလေးမှာလည်း ဖြည့်လို့မရဘူးဆိုတော့ အောက်ဆီဂျင်ဖြည့်တဲ့အပိုင်းမှာ နည်းနည်း အခက်ခဲရှိတာပေါ့" ဟု ပြောသည်။

ယခု ထန်တလန်မြို့တွင် ကိုဗစ် ၁၉ ဖြင့် သေဆုံးသူအများစုသည် မြို့ဒေသခံလူများပိုများပြီး အသက် ၂၀ မှ ၄၀ အကြား လူလက်ပိုင်းများတွင် သေဆုံးမှုပိုမိုများကြောင်း တွေ့ရပြီး ယနေ့ ဇူလိုင် ၂၈ ရက်အထိ ကိုဗစ် ၁၉ ဖြင့် သေဆုံးသူ ၆ ယောက်အနက် တစ်ယောက်သည် ခရီးသွားလာခဲ့သူဖြစ်ပြီး ကျန်သောသူများမှာ ခရီးသွားရာဇ၀င်မရှိသူ ဒေသခံများသာဖြစ်ကြောင်းလည်း သိရသည်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...