မွန်ပြည်နယ်အတွင်းက နေရာအချို့မှာ ရေပြန်ကျပြီ

မွန်ပြည်နယ်အတွင်းက နေရာအချို့မှာ ရေပြန်ကျပြီ

မွန်ပြည်နယ်မှာ ဇူလိုင် ၂၅ ရက်နေ့မှ ၂၆ ရက်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်တဝှမ်းမှာ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့မှာတော့ မော်လမြိုင်၊ ရေး၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံမြို့နယ်တွေရဲ့ နေရာအချို့မှာ ရေပြန်ကျသွားပြီဖြစ်ပါတယ်။

"လက်ရှိကတော့ ရေပြန်ကျသွားပြီ၊ အတ္ထရံမြစ်ရေနဲ့ သံလွင်မြစ်ရေ တန့်နေတဲ့ တချို့နေရာတွေမှာတော့ ရေတွေက ကျန်နေသေးတယ်၊ အခုကတော့ ကယ်ဆယ်ရေးစခန်းက သူတွေကတော့ ရေပြန်ကျလို့ နေအိမ်ပြန်ကုန်ကြပြီ" လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ရေကြီးရေလျှံတာနဲ့ တောင်ပြိုတာတွေကြောင့် မော်လမြိုင်၊ ရေး၊ ချောင်းဆုံမြို့နယ်တို့မှာ ယာယီကယ်ဆယ်စခန်းတွေ ၅ ခုထက်မနည်း ဖွင့်လှစ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်မြို့နယ်က ရေဘေးသင့်ပြည်သူတွေ ၃၀၀ နီးပါး နေအိမ်ပြန်သွာကြပြီဖြစ်ပါတယ်။

အခုအခါ ဘီးလင်းမြစ်ရေ ဆက်တိုက်မြင့်တက်လာပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ် ရောက်ရှိလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

 
 

 

 

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...