မန္တလေးမြို့မှာ အုပ်စုဖွဲ့လုယက်သူတွေ သောင်းကျန်းနေ

မန္တလေးမြို့မှာ အုပ်စုဖွဲ့လုယက်သူတွေ သောင်းကျန်းနေ

အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ အုပ်စုဖွဲ့လုယက်တာတွေ မကြာခဏဖြစ်ပေါ်နေတဲ့အတွက် မြို့လူထုမှာ စိုးရိမ်နေကြပါတယ်။

"ခဏ ခဏဖြစ်လာတော့ ကြောက်လာတယ်။ ကျန်းမာရေးကိစ္စဆိုတော့ ထွက်နေရတာပဲ။ မလုံခြုံတာတော့ သေချာတယ်" လို့ ကျန်းမာရေးကြောင့် သွားလာဖို့ခက်ခဲနေသူတွေကို ဆေးဝါးကူညီနေတဲ့သူတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၂၇ ရက်၊ ည ၇ နာရီလောက်က မင်္ဂလာမန္တလေးနဲ့ တရုတ်ကောင်စစ်ဝန်ရုံးအနီးမှာ လူနာတွေထံ ဆေးဝါးနဲ့အစားအသောက်တွေ ပို့ဆောင်သွားတဲ့ ဆိုင်ကယ်တစ်စီးကို ဆိုင်ကယ် ၆ စီး လူ ၁၁ ဦးပါတဲ့အုပ်စုက အကြမ်းဖက် ဓါးထောက်လုယက်သွားပါတယ်။

လုယက်ခံရသူက ပတ်ဝန်းကျင်ကို အကူအညီတောင်းတဲ့အတွက် အသက်ဘေးကလွတ်ခဲ့ပေမယ့် လက်တော့၊ ဖုန်း စတာတွေပါတဲ့ ကျောပိုးအိတ် လုယူခံခဲ့ရပါတယ်။

"အလုခံရလို့လည်း ဘယ်သူ့တိုင်ရမှန်းမသိဘူး။ လုရုံလုကြတာမဟုတ်ဘူး။ အသက်အန္တရာယ်ပါပြုကြတာဆိုတော့ တရားလွန်းတယ်။ အခုဆို သမီးတို့တစ်ယောက်တည်း အလုပ်မသွားရဲတော့ဘူး။ စုသွားရတယ်" လို့ ကုမ္ပဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ကလည်း အလားတူဖြစ်စဥ်မျိုး လမ်း ၃၀ ဆေးဆိုင်တစ်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့ပြီး ဒီလထဲမှာပဲ နေ့ခင်းဘက် အနုကြမ်းဝင်စီးတာ ဆိုင်ကယ်လုတာတွေကလည်း ရက်ဆက် နေ့တိုင်းနီးပါး ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က အရပ်ဝတ်အပါအဝင် ပုံစံအမျိုးမျိုးနဲ့ စောင့်ကြည့်နေတဲ့ကြားက အခုလို အုပ်စုဖွဲ့ လုယက်ခံနေရတာလည်းဖြစ်ပါတယ်။

ပုံစာ - မန္တလေးမြို့မှာ ဇူလိုင် ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ အနုကြမ်းဝင်စီးမှုအဖွဲ့ထဲက တစ်ဦးကို ဖမ်းဆီးထားပုံ

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...