ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေများ စတင်ဝင်ရောက်လာခြင်းကြောင့် ရေကြီးမှာကို ဒေသခံများစိုးရိမ်နေ

ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေများ စတင်ဝင်ရောက်လာခြင်းကြောင့် ရေကြီးမှာကို ဒေသခံများစိုးရိမ်နေ

ပဲခူးမြစ်ရေ အလျှင်အမြန်တတ်လာခြင်းကြောင့် ယနေ့ ဇူလိုင် ၂၈ ရက်နေ့တွင် ပဲခူးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေ စတင်ဝင်ရောက်နေကြောင်း ဒေသခံများမှပြောသည်။

မြစ်ရေဝင်ရောက်လာသည့် မဇင်းရပ်ကွက်ရှိ အောက်ချိုက်နေရာများ၊ ကျောက်ကြီးစုရပ်ကွက် အနိမ့်ပိုင်းနေရာများကို ဝင်ရောက်လာပြီး အိမ်အောက်ထပ် ရေနှစ်မြုပ်လျှက်ရှိသည်။

"ရေတွေ ညပိုင်းလောက်က စတက်လာတာ တဖြေးဖြေးနဲ့ ဒီအတိုင်းဆက်တတ်မယ်ဆို ရပ်ကွက်တွေထဲ အကုန်ဝင်နိုင်တယ်ဗျ ပဲခူးက တကယ်ရေကြီးပြီဆို တော်တော်များများမြုပ်တာ အခုချိန် COVID-19 ကလဲကူးနေတော့ ဘယ်လိုလုပ်ရမလဲမသိပါဘူးဗျာ" ဟု မဇင်းရပ်ကွက်နေ ပြည်သူတဦးမှပြောသည်။

"အဲ့ဒီနေရာတွေက ရေတတ်ပြီဆို သူတို့နေရာဘဲအရင်ဝင်တာဗျ အခုက စဝင်လာပြီး အိမ်ခြေက ၃၀ ကျော်လောက်တော့ရှိတယ် ကယ်ဆယ်ရေးလိုအပ်တဲ့အခြေနေတော့ မဟုတ်သေးဘူးဗျ" ဟု ပရဟိတကူညီလုပ်ကိုင်နေသူတစ်ဦးမှ ပြောသည်။

ပဲခူးတွင် ရေကြီးရေလျှံ ဖြစ်ပေါ်လာပါက မဇင်းရပ်ကွက်၊ အိုးလေးစုရပ်ကွက်၊ ဇိုင်းတောင်ရပ်ကွက်၊ ဇိုင်းမြောက်ရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်၊ ကျွန်းသာယာရပ်ကွက်တို့တွင် အဓိကဝင်ရောက်လာသည်ဟု သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ရက်စွဲဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု့ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သြဂုတ်လအတွင်း စိုးရိမ်ရေအမှတ်အထက် ကျော်လွန်မည့် မြစ်များထဲတွင် ပဲခူးမြစ်သည်လည်း ပါဝင်သည်။

ယနေ့နံနက် ၆ နာရီခွဲအချိန်က မြစ်ရေတိုင်းတာချက်အရ ပဲခူးမြစ်ရေသည် ၁၀၈ စင်တီမီတာတတ်လာပြီး ၈၂၁ စင်တီမီတာကိုရောက်ရှိလာကာ ပဲခူးမြစ်၏ စိုးရိမ်ရေမှတ်သည် ၈၈၀ စင်တီမီတာဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...