ကလေးမြို့တွင် တရုတ်ထုတ်ကာကွယ်ဆေးထိုးရန် စစ်ကောင်စီက စာရင်းကောက်ခိုင်း

ကလေးမြို့တွင် တရုတ်ထုတ်ကာကွယ်ဆေးထိုးရန် စစ်ကောင်စီက စာရင်းကောက်ခိုင်း

ကလေးမြို့တွင် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးရန် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အသက် (၆၀) ကျော်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး volunteers များ၏ နာမည်စာရင်း စတင်ကောက်ယူနေကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးမှ သိရသည်။



"အသက်ကြီးပိုင်း ၆၀ ကျော်နဲ့ Volunteers တွေအတွက် နာမည်စာရင်းကောက်တယ်၊ နာမည်စာရင်းသွင်းမယ်၊ စုပေါင်းရုံး သို့မဟုတ် တခြား သူတို့စီစဉ်နေတဲ့နေရာမှာ ထိုးမယ်၊ ထိုးနှံမယ့်နေ့တော့ မသိသေးဘူး၊ စာရင်းအရင်ကောက်ထားတယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



အာဏာသိမ်းစစ်ကောင်စီမှ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးရန် နာမည်စာရင်းကောက်ယူမှုမှာ ဇူလိုင် ၂၆ ရက်နေ့က ကလေးမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လုပ်ဆောင်နေကြသည့် Volunteers များထံ အကြောင်းကြားပြီး ယနေ့နောက်ဆုံးထားပြီး နာမည်စာရင်းသွင်းရန် အကြောင်းကြားထားသည်ဟု သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...