ကလေးမြို့တွင် တရုတ်ထုတ်ကာကွယ်ဆေးထိုးရန် စစ်ကောင်စီက စာရင်းကောက်ခိုင်း

ကလေးမြို့တွင် တရုတ်ထုတ်ကာကွယ်ဆေးထိုးရန် စစ်ကောင်စီက စာရင်းကောက်ခိုင်း

ကလေးမြို့တွင် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးရန် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အသက် (၆၀) ကျော်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး volunteers များ၏ နာမည်စာရင်း စတင်ကောက်ယူနေကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးမှ သိရသည်။



"အသက်ကြီးပိုင်း ၆၀ ကျော်နဲ့ Volunteers တွေအတွက် နာမည်စာရင်းကောက်တယ်၊ နာမည်စာရင်းသွင်းမယ်၊ စုပေါင်းရုံး သို့မဟုတ် တခြား သူတို့စီစဉ်နေတဲ့နေရာမှာ ထိုးမယ်၊ ထိုးနှံမယ့်နေ့တော့ မသိသေးဘူး၊ စာရင်းအရင်ကောက်ထားတယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



အာဏာသိမ်းစစ်ကောင်စီမှ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးရန် နာမည်စာရင်းကောက်ယူမှုမှာ ဇူလိုင် ၂၆ ရက်နေ့က ကလေးမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လုပ်ဆောင်နေကြသည့် Volunteers များထံ အကြောင်းကြားပြီး ယနေ့နောက်ဆုံးထားပြီး နာမည်စာရင်းသွင်းရန် အကြောင်းကြားထားသည်ဟု သိရသည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...