မြဝတီမြို့တွင် သောင်ရင်းမြစ်ရေလျှံတက်မှုကြောင့် အိမ်ခြေ ၃၀၀၀ ကျော် ရေဘေးသင့်ပြီး အကူအညီများလိုအပ်နေ

မြဝတီမြို့တွင် သောင်ရင်းမြစ်ရေလျှံတက်မှုကြောင့် အိမ်ခြေ ၃၀၀၀ ကျော် ရေဘေးသင့်ပြီး အကူအညီများလိုအပ်နေ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းကာ သောင်ရင်းမြစ်ရေလျှံတက်မှုကြောင့် အိမ်ခြေ ၃၀၀၀ ကျော် ရေဘေးဒုက္ခခံရပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းကစ၍ သောင်ရင်းမြစ်ရေမှာ စိုးရိမ်အမှတ်ထက်ကျော်လွန်ကာ ရေတက်နှုန်းမြန်ဆန်မှုကြောင့် သောင်ရင်းမြစ်ကမ်းအနီးရှိ လူနေအိမ်များနှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် အချိန်တိုအတွင်း ရေဝင်ရောက်မှုများရှိနေ၍ အရေးပေါ်ကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိခဲ့သည်။

ယနေ့ ဇူလိုင် ၂၇ ရက်နေ့ မွန်းလွဲပိုင်းထိ သောင်ရင်းမြစ်ရေသည် ဆက်လက်တိုးနေဆဲဖြစ်ပြီး ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းအနီးရှိ သဲပုံဂိတ်၊ ကျောက်ဖျာဂိတ်၊ သဖန်းပင်ဂိတ်၊ သရက်ပင်ဂိတ်၊ ခွန်ဆာဝင်း၊ မိုးကုတ်ဂိတ်၊ ဇီးတောဂိတ်၊ ဘုရားလေးဂိတ် စသည့်နေရာများနှင့် အနိမ့်ပိုင်း လူနေရပ်ကွက်တစ်ချို့ရှိ လူနေအိမ်ခြေ ၃၀၀၀ ကျော်ခန့်မှာ ရေဘေးဒုက္ခ ခံစားနေရသည်။

ထိုသို့ ရေဘေးသင့်ပြည်သူများနေထိုင်ရန် နီးစပ်ရာစသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်း ၁၀ ခုခန့် ယာယီဖွင့်လှစ်ထားရာ ယနေ့ မွန်းလွဲ ၂ နာရီထိ လူဦးရေ ၁၅၀၀ ကျော် လာရောက်နေထိုင်ပြီဟု သိရသည်။

ကိုဗစ်ရောဂါကူးစက်မှုနှုန်း မြင့်မားနေခြင်းကြောင့် ရောဂါကူးစက်မည်စိုး၍ ရေဘေးသင့်ဧရိယာရှိ ပြည်သူတစ်ချို့မှာ ကယ်ဆယ်ရေးစခန်းများသို့ လာရောက်သူ အလွန်နည်းပါးပြီး နီးစပ်ရာ အသိမိတ်ဆွေများထံ ပြောင်းရွှေ့နေထိုင်မှုများရှိသလို မူလနေရာတွင်ပင် နေထိုင်သူများလည်းရှိသည်ဟု ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ ရေဘေးသင့်ဧရိယာရှိ ပြည်သူများမှာ ရွှေ့ပြောင်းသွားလာရန်အတွက် အကူအညီများလိုအပ်နေပြီး လူမှုအဖွဲ့အစည်းများမှ ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...