ပဲခူးမြို့ ကျောက်ကြီးစု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ၊ စစ်သားနဲ့ရဲ ထိခိုက်ဒဏ်ရာရ

ပဲခူးမြို့ ကျောက်ကြီးစု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲ၊ စစ်သားနဲ့ရဲ ထိခိုက်ဒဏ်ရာရ

ပဲခူးမြို့၊ ကျောက်ကြီးစု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် စစ်သားတဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

"၉ နာရီလောက်မှာပေါက်တာ၊ အသံအကျယ်ကြီးဘဲ၊ နှစ်ခါပေါက်တာ၊ အပြင်ကနေ ပစ်ထည့်လိုက်တာလို့တော့ပြောတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့မှ လုပ်ဆောင်ခဲ့ကြောင်း မသိရှိရသေးပေ။

ဗုံးပေါက်ကွဲသည့် ကျောက်ကြီးစု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူးမှာ COVID-19 ရောဂါကူးစက်ခံနေရပြီး ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

 
 

 

 

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...