မန္တလေးမြတောင်သပိတ် ဖြိုခွင်းခံရ၊ အနည်းဆုံး ၂ ဦးသေဆုံး

မန္တလေးမြတောင်သပိတ် ဖြိုခွင်းခံရ၊ အနည်းဆုံး ၂ ဦးသေဆုံး

မန္တလေးမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေးဆန္ဒပြသည့် မြတောင်သပိတ်စစ်ကြောင်းကို စစ်တပ်သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းရာ သေဆုံးသူတွေရှိကြောင်း သိရသည်။

မဟာမုနိဘုရားကြီး အရှေ့မုဒ်တွင် မြတောင်သပိတ်စစ်ကြောင်းက သပိတ်ပြုလုပ်စဥ် အရပ်ဝတ်များနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး သုံးဦးဒဏ်ရာရရှိခဲ့ပြီး လတ်တလောသတင်းအရ သေဆုံးသူနှစ်ဦးရှိကြောင်း သိရသည်။

"ကျွန်တော့်ဘေးက အလံကိုင်တဲ့ကောင်မလေး လဲကျသွားတယ်။ ကျန်တဲ့သူတွေလည်းထိတယ်။ သေဆုံးရော၊ ဖမ်းဆီးခံအရေအတွက်ရော အတိအကျမသိရသေးဘူး" လို့ သပိတ်မှာပါဝင်သူတစ်ဦးက ပြောပါသည်။

မန္တလေးမြို့မှာ စစ်တပ်က ကင်းပုံး၊ လှည့်ကင်း၊ ပတ်ကင်းများနှင့် တင်းကြပ်နေသည့်ကြားမှ စစ်ကောင်စီပြုတ်ကျရေးသပိတ်များလည်း နေ့စဥ်ပြုလုပ်နေကြသည်။

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...