သောင်ရင်းမြစ်ရေလျှံမှုကြောင့် မြဝတီမြို့တွင် အိမ်ခြေ ၅၀၀ ကျော် ရေဘေးဒုက္ခခံနေရ

သောင်ရင်းမြစ်ရေလျှံမှုကြောင့် မြဝတီမြို့တွင် အိမ်ခြေ ၅၀၀ ကျော် ရေဘေးဒုက္ခခံနေရ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေလျှံမှုကြောင့် အိမ်ခြေ ၅၀၀ ကျော် ရေဘေးဒုက္ခခံနေရကြောင်း သိရသည်။

မိုးရက်ဆက်မပြတ်ရွာသွန်းမှုနှင့်အတူ သောင်ရင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ၁ ပေဝန်းကျင်ခန့် ကျော်လွန်နေပြီး ယမန်နေ့ (ဇူလိုင် ၂၆ ရက်) ည ၉ နာရီအထိ ဆက်လက်မြင့်တက်လျက်ရှိနေဆဲဖြစ်သည်။

မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းအနီးရှိ လူနေအိမ်ခြေ ၅၀၀ ကျော်မှာ ရေဘေးဒုက္ခခံနေရပြီး နီးစပ်ရာနေအိမ်များနှင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည်ဟု သိရသည်။

လက်ရှိအချိန်ထိ မြဝတီမြို့တွင် အမှတ် ၅ ရပ်ကွက်ရှိ အ.ထ.က ခွဲ ၃ ကျောင်းနှင့် ဝါးတောစာသင်ကျောင်း၊ အမှတ် ၃ ရပ်ကွက်ရှိ ဓိဌာန်အောင်ဘုရားဓမ္မာရုံတို့တွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသည်။

လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုတွင် လာရောက်နေထိုင်သူ အိမ်ထောင်စု ၁၀၀ ဝန်းကျင်ခန့် ရောက်ရှိနေပြီး ဆက်လက်၍ ရွှေ့ပြောင်းလာသူများလည်းရှိနေသည်ဟု မြို့နယ်ရေဘေးကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်ရောဂါကူးစက်မှုနှင့် သေဆုံးမှု မြင့်မားနေ၍ Stay at Home အဖြစ်နေထိုင်ရန် ကြေညာထားသည့် မြဝတီမြို့တွင် ယခုအခါ ရေဘေးဒုက္ခပါ ထပ်မံခံစားနေရ၍ ရောဂါကူးစက်မှုနှင့်အတူ အခြေခံလူတန်းစားအများစုမှာ စားနပ်ရိက္ခာအခက်အခဲနှင့်ပါ ကြုံတွေ့နေရကြောင်း သိရသည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...