ဖာပွန်-ကမမောင်းလမ်းပိုင်း ပြန်ပိတ်၊ အသွားအလာမလုပ်ကြဖို့ KNLA သတိပေး

ဖာပွန်-ကမမောင်းလမ်းပိုင်း ပြန်ပိတ်၊ အသွားအလာမလုပ်ကြဖို့ KNLA သတိပေး

ကိုဗစ်ရောဂါကူးစက်မှုနှုန်း တိုးပွားလာတာကို တားဆီးကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ဖာပွန်-ကမမောင်းလမ်းပိုင်းကို ပြန်လည်ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ KNLA တပ်မဟာ ၅ က အမိန့်ကြေငြာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

KNLA တပ်မဟာ ၅ ရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ဖာပွန်-ကမမောင်းလမ်းပိုင်းကို ဇူလိုင် ၂၀ ရက်နေ့ကစပြီး စတင်ကန့်သတ် ပိတ်ပင်လိုက်တာဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ရေးအခြေအနေကြောင့် လအတော်အကြာပိတ်ထားခဲ့ရတဲ့ ဖာပွန်-ကမမောင်းလမ်းပိုင်းကို ပြည်သူလူထုသွားလာရေးနဲ့ စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် KNLA တပ်မဟာ ၅ က ပြီးခဲ့တဲ့ ဇွန်လပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါ။

ဒါပေမဲ့ လမ်းပြန်လည်ဖွင့်လှစ်ပေးပြီး ရက်အနည်းငယ်မှာပဲ တခြားဒေသကနေ ဖာပွန်မြို့ကိုရောက်ရှိလာတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဝန်ထမ်းတွေမှာ ကိုဗစ်-၁၉ ကူးစက်ပါလာတာကြောင့် လက်ရှိအချိန်အထိ ဖာပွန်မြို့မှာ ရောဂါကူးစက်ခံရသူ တစ်ရာဝန်းကျင်အထိရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုနှုန်း ထပ်မံမတိုးပွားဖို့နဲ့ တားဆီးကာကွယ်ကုသဖို့ လိုအပ်ပြီး ကာကွယ်တားဆီးဖို့အတွက် မြို့တစ်မြို့ကနေတစ်မြို့၊ တစ်ရွာကနေတစ်ရွာကို သွားလာတာတွေအပါအဝင် ကန့်သတ်တားမြစ်ဖို့ လိုအပ်တယ်လို့ KNLA တပ်မဟာ ၅ က ဆိုထားပါတယ်။

ဒါကြောင့် ရောဂါတိုးပွားကူးစက်မှုမရှိဖို့ လူအသွားအလာကို ကန့်သတ်ထိန်းချုပ်တဲ့အနေနဲ့ ဖာပွန်-ကမမောင်းလမ်းပိုင်းကို ပြန်လည်ပိတ်ပင်လိုက်တာဖြစ်တဲ့အတွက် ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဆိုပါလမ်းပိုင်းပေါ် သွားလာတာတွေမပြုလုပ်ဖို့ အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ထုတ်ပြန်ထားတဲ့ အမိန့်ညွန်ကြားချက်ကို လိုက်နာမှုမရှိပဲ ဖာပွန်-ကမမောင်းလမ်းမပေါ်မှာ သွားလာလို့ တစ်စုံတစ်ခုဖြစ်ခဲ့ပါက KNLA တပ်မဟာ ၅ တာဝန်ရှိသူတွေအနေနဲ့ လုံးဝ တာဝန်ယူမှာမဟုတ်ဘူးလို့ အဲ့ဒီထုတ်ပြန်ချက်အရ သိရပါတယ်။

 
 

 

 

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...