မြန်မာ့စီးပွားရေး ယခုနှစ် ၁၈ ရာခိုင်နှုန်းကျမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

မြန်မာ့စီးပွားရေး ယခုနှစ် ၁၈ ရာခိုင်နှုန်းကျမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပို၍ပို၍ ကြီးမားလာနေခဲ့သော နိုင်ငံရေး ဝရုန်းသုန်းကားအခြေအနေများနှင့်အတူ ကိုဗစ်-၁၉ တတိယလှိုင်းတစ်ခု အလျင်အမြန် ကူးစက်ဖြစ်ပွားနေမှုများကြောင့် မြန်မာ့စီးပွားရေးသည် ယခုနှစ်တွင် ၁၈ ရာခိုင်နှုန်း ကျုံ့ဖွယ်ရှိသည်ဟု ကမ္ဘာ့ဘဏ်၏ သုတေသနအသစ်တွင် ခန့်မှန်းထားသည်။

ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာထဲတွင် ပါဝင်ခဲ့သည့် အထက်ပါခန့်မှန်းချက်သည် ပြီးခဲ့သည့်မတ်လက ခန့်မှန်းထားခဲ့သော ၁၀ ရာခိုင်နှုန်းကျမည်ဆိုသည့် ခန့်မှန်းချက်ထက် နှစ်ဆနီးပါးပိုများနေသလို စီးပွားရေးသည် ရှေ့လာမည့်လများတွင် နောက်ထပ် ထိခိုက်မှုများနှင့် ကြုံတွေ့နိုင်ဖွယ်ရှိကြောင်းကို ပြသနေသည်။

ကမ္ဘာလုံးဆိုင်ရာ ကြွေးမြီပြန်ဆပ်နိုင်မှု အဆင့်သတ်မှတ်သည့် လုပ်ငန်းအုပ်စုတစ်ခု၏ လက်အောက်ခံလုပ်ငန်းဖြစ်သော Fitch Solutions က ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်တစ်ခုအပါအဝင် အခြားသော ခန့်မှန်းချက်များက ခန့်မှန်းထားရာတွင် မြန်မာ့စီးပွားရေးသည် စက်တင်ဘာ ၃၀ ရက်တွင်ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် ၂၀ ရာခိုင်နှုန်း သို့မဟုတ် ယင်း၏အထက် ကျုံ့ဝင်မည်ဟု ခန့်မှန်းထားခဲ့သည်။

မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးရိုက်ခတ်မှုဒဏ်များ၏ “အရွယ်အစား နှင့် ကြာမြင့်သည့်ကာလ” တို့ကို ကိုးကားလျက်ဖြင့် ကပ်ရောဂါက များပြားသည့် ထပ်တိုး စီးပွားရေး ထိခိုက်သက်ရောက်မှုများ ရှိစေမည် ဖြစ်သလို လူ့အသက်များနှင့် အသက်မွေးဝမ်းကျောင်းများအပေါ် ချက်ချင်းသက်ရောက်မည့် ခြိမ်းခြောက်မှုတစ်ခုကို ဖြစ်စေကာ ယင်းက ၂၀၂၂ အထိ ကောင်းစွာ ရှိနေလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဝန်ခံသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ဇူလိုင် ၂၄ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၂၆၀,၀၀၀ နီးပါးနှင့် သေဆုံးသူ ၆,၄၆၀ ဦး ရှိနေခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျင် ကူးစက်ခံရသူသစ် ၆,၀၀၀ ဝန်းကျင် ရှိနေသည်။

သို့သော် ဗိုင်းရပ်စ် ရှိ/မရှိ စစ်ဆေးမှုနှင့် သတင်းအချက်အလက် စီးဆင်းမှုပိုင်းတွင် အကန့်အသတ်များရှိနေသည့်အတွက် ကိန်းဂဏန်းများသည် အမှန်တကယ်ရှိနေသည့် ကိန်းဂဏန်းများထက် သိသိသာသာ လျော့နည်းနေမှုများလည်း ရှိနိုင်သည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တွင် စက်တင်ဘာ ၃၀ ရက်အထိ ယခုဘဏ္ဍာနှစ်အတွက် မြန်မာ၏ ဂျီဒီပီ ၁၃ ရာခိုင်နှုန်း ကျုံ့မည်ဆိုသည့် ကနဦး ခန့်မှန်းချက်တစ်ခုကနေ ၅ ရာခိုင်နှုန်းပွိုင့် လျှော့ချရခြင်းမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့်ဖြစ်သည်ဟု နားလည်ရသည်။

အစီရင်ခံစာသည် ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း ထုတ်ပြန်မည့် မြန်မာ့စီးပွားရေး ဒေတာများအတွက် ပြည့်စုံကျယ်ပြန့်မှုအရှိဆုံး သုံးသပ်ချက် ဖြစ်သည်။

၁၈ ရာခိုင်နှုန်း စီးပွားရေး ကျုံ့မှုသည် အစောပိုင်း ကိုဗစ်-၁၉ လှိုင်းများကြောင့် ဖြစ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း အားနည်းသော တိုးတက်မှုပိုင်းကို ပိုဆိုးစေလိမ့်မည် ဖြစ်ကြောင်း အစီရင်ခံစာတွင် မှတ်ချက်ပြုခဲ့သည်။ ယင်းကဲ့သို့ ကျုံ့ဝင်မှုအရ နိုင်ငံ၏ စီးပွားရေးကို အကယ်၍ ကိုဗစ်-၁၉ နှင့် စစ်အာဏာသိမ်းမှုတို့ မရှိပါက ရှိနေမည့် အရွယ်အစားပမာဏထက် ၃၀ ရာခိုင်နှုန်းဝန်းကျင် ပိုမိုသေးငယ်သွားစေမည်ဖြစ်သလို လူ့အသက်များ၊ အသက်မွေးဝမ်းကျောင်းများ၊ ဆင်းရဲနွမ်းပါးမှုနှင့် အနာဂတ် တိုးတက်မှုတို့အတွက်လည်း ထိခိုက်နစ်နာစေသော ဂယက်ရိုက်ခတ်မှုများ ရှိစေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောခဲ့သည်။

 
 

 

 

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...