မြိုင်ကြီးငူ အထူးဒေသတွင် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

မြိုင်ကြီးငူ အထူးဒေသတွင် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

ကိုဗစ်ကူးစက်ပြန့်ပွားမှု မြှင့်တက်နေစဉ်ကာလအတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသတွင် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲတစ်ခုကို မြိုင်ကြီးငူကျောက်စာကွင်း၌ ယနေ့ (ဇူလိုင် ၂၆) ရက်နေ့တွင် ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။

လက်ရှိ မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကနှင့် ဒေသခံရွာလူကြီးများ၏ ဦးဆောင်မှုဖြင့် ယခင် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန၏ (၇၃) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကိုရည်စူး၍ ပြုလုပ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက "ဒီမနက်ပဲလုပ်တာ။ ကျောက်စာကွင်းမှာပဲ။ အဝေးကနေလာတဲ့သူတွေတော့ မရှိဘူး။ ဘာလို့ဆို အဝင်လမ်းကို ပိတ်ထားတာ။ ဒီထဲကလူတွေပဲ သွားကြတာများတယ်။ ဆရာတော်ဘုရားရဲ့ နှစ်ပတ်လည်ဆိုပေမဲ့ ပွဲသေးသေးလုပ်ရင်ရတာပဲ။ ခုက အများကြီး လူကြီးတွေက ပြောမရဘူး" ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဆွမ်းကပ်လှူဒါန်းပွဲကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သွားမည်ဟု ကြေညာထားမှုရှိပြီး ၎င်းဆွမ်းကပ်လှူဒါန်းပွဲသို့ ဒေသခံ ရာနှင့်ချီ၍ တက်ရောက်ခဲ့ကြသလို အချို့ဒေသခံများက ယခုလို လူစုလူဝေးပြုလုပ်ခြင်းကို လိုလားခြင်းမရှိကြောင်း သိရှိရသည်။

လက်ရှိ မြိုင်ကြီးငူအထူးဒေသတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀ ဦးခန့်ရှိပြီး ဆေးရုံရှိ ဆရာမများလည်း home quarantine အကုန်ဝင်ရကြောင်း အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောသည်။

လတ်တလော ကိုဗစ်ရောဂါကူးစက်မှုနှုန်း မြှင့်တက်လာသည့်အတွက် မြဝတီ၊ ကော့ကရိတ်နှင့် ဖားအံမြို့တွင် နေအိမ်ထွက်ခွာခွင့်လက်မှတ်၊ ကဒ်ဖြင့် အိမ်အပြင်ထွက်ခွာရခြင်းရှိသော်လည်း ကျေးရွာများတွင် ထိုသို့ သက်ရောက်မှုမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီ၏ ကိုဗစ်ကူးစက်ခံရမှု နေ့စဉ်ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူမှာ ၂၀၀၀ နီးပါးနှင့် သေဆုံးသူမှာ ၇၂ ဦးဖြစ်သော်လည်း မြေပြင်အခြေအနေတွင် ကိုဗစ်ကူးစက်ခံရသူမှာ ၎င်းအရေအတွက်ထက် ပိုများနိုင်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရှိရသည်။

အဆိုပါ ကိုဗစ်ကူးစက်ခံရသူများအနက် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ကူးစက်ခံသူအများဆုံးနှင့် သေဆုံးသူအများဆုံးဖြစ်ကြောင်း သိရှိရသည်။

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...