မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီး ၂ ဦးတွင် Covid-19 ပိုးတွေ့

မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီး ၂ ဦးတွင် Covid-19 ပိုးတွေ့

ဝိုင်းမော်မြို့နယ် မိုင်းနား KBC စစ်ရှောင်စခန်းတွင် ပထမဆုံး အမျိုးသမီး ၂ ဦးတွင် Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

ပိုးကူးစက်ခံရသူ ၂ ဦးမှာ အသက် ၅၈ နှစ်အရွယ်နှင့် အသက် ၆၀ ဝန်းကျင်အရွယ်တို့ဖြစ်ကြပြီး သူတို့ ၂ ဦးစလုံးမှာ အပြင်မထွက်ဘဲ စခန်းအတွင်းနေထိုင်းရင်း ရောဂါလက္ခဏာပြလာသောကြောင့် စစ်ဆေးရာ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်တာဝန်ခံက ပြောသည်။

“အခု ကိုဗစ်ပိုးတွေ့ရှိတဲ့ ၂ ယောက်က အပြင်ထွက်တဲ့သူတွေလည်း မဟုတ်ဘူး။ ၂ ယောက်စလုံး အသက်လည်းကြီးတယ်။ ဘယ်ကနေ ဘယ်လို စကူးမှန်းလည်းမသိဘူး။ စခန်းတစ်ခုလုံးလည်း အံ့ဩနေကြတယ်။ ပြီးရင် စခန်းကိုလည်း ၂၀ ရက်ကတည်းက Lock Down ချလိုက်ပြီဟုတ်တယ်” ဟု ပြောဆိုသည်။

လက်ရှိ အဆိုပါရောဂါပိုးတွေ့သူ ၂ ဦးကို ဝိုင်းမော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေပြီး မိသားစုဝင်များကို နေအိမ်အတွင်း Lock Down ချထားကြောင်း ဆက်ဆိုသည်။

မိုင်းနား KBC စစ်ရှောင်စခန်းတွင် စစ်ရှောင်အိမ်ထောင်စု ၅၀၀ ကျော်နှင့် လူဦးရေ ၃ ထောင်နီပါးခန့်ရှိကြောင်း သိရသည်။

 
 

 

 

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...