မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီး ၂ ဦးတွင် Covid-19 ပိုးတွေ့

မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီး ၂ ဦးတွင် Covid-19 ပိုးတွေ့

ဝိုင်းမော်မြို့နယ် မိုင်းနား KBC စစ်ရှောင်စခန်းတွင် ပထမဆုံး အမျိုးသမီး ၂ ဦးတွင် Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

ပိုးကူးစက်ခံရသူ ၂ ဦးမှာ အသက် ၅၈ နှစ်အရွယ်နှင့် အသက် ၆၀ ဝန်းကျင်အရွယ်တို့ဖြစ်ကြပြီး သူတို့ ၂ ဦးစလုံးမှာ အပြင်မထွက်ဘဲ စခန်းအတွင်းနေထိုင်းရင်း ရောဂါလက္ခဏာပြလာသောကြောင့် စစ်ဆေးရာ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်တာဝန်ခံက ပြောသည်။

“အခု ကိုဗစ်ပိုးတွေ့ရှိတဲ့ ၂ ယောက်က အပြင်ထွက်တဲ့သူတွေလည်း မဟုတ်ဘူး။ ၂ ယောက်စလုံး အသက်လည်းကြီးတယ်။ ဘယ်ကနေ ဘယ်လို စကူးမှန်းလည်းမသိဘူး။ စခန်းတစ်ခုလုံးလည်း အံ့ဩနေကြတယ်။ ပြီးရင် စခန်းကိုလည်း ၂၀ ရက်ကတည်းက Lock Down ချလိုက်ပြီဟုတ်တယ်” ဟု ပြောဆိုသည်။

လက်ရှိ အဆိုပါရောဂါပိုးတွေ့သူ ၂ ဦးကို ဝိုင်းမော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေပြီး မိသားစုဝင်များကို နေအိမ်အတွင်း Lock Down ချထားကြောင်း ဆက်ဆိုသည်။

မိုင်းနား KBC စစ်ရှောင်စခန်းတွင် စစ်ရှောင်အိမ်ထောင်စု ၅၀၀ ကျော်နှင့် လူဦးရေ ၃ ထောင်နီပါးခန့်ရှိကြောင်း သိရသည်။

 
 

 

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...