ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦး သံသယလူနာ ၁၁ ဦး သေဆုံး

ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦး သံသယလူနာ ၁၁ ဦး သေဆုံး

ကလေးမြို့တွင် ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့က ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးနှင့် သံသယလူနာ ၁၁ ဦး စုစုပေါင်း ၁၃ ဦးသေဆုံးကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

"ဒီနေ့သေဆုံးသူအားလုံးက ၁၃ ဦးရှိတယ်၊ အဲဒီထဲက Positive ၂ ဦးက အိတ်စွတ်စင်တာမှာ သေဆုံးတာဖြစ်တယ်၊ ကျန်သံသယလူနာ ၁၁ ဦးကတော့ အိမ်မှာသေဆုံးကြတာဖြစ်တယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကိုဗစ် Positive လူနာ ၉၁ ဦးနှင့် သံသယလူနာ (၄၂၁) ဦး စုစုပေါင်း (၅၁၂) ဦး သေဆုံးပြီဟု သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှုမှာလည်း ဆက်လက်ရင်ဆင်နေရဆဲသည်ဟု သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...