ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦး သံသယလူနာ ၁၁ ဦး သေဆုံး

ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၂ ဦး သံသယလူနာ ၁၁ ဦး သေဆုံး

ကလေးမြို့တွင် ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့က ကိုဗစ်ပိုးတွေ့လူနာ ၂ ဦးနှင့် သံသယလူနာ ၁၁ ဦး စုစုပေါင်း ၁၃ ဦးသေဆုံးကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

"ဒီနေ့သေဆုံးသူအားလုံးက ၁၃ ဦးရှိတယ်၊ အဲဒီထဲက Positive ၂ ဦးက အိတ်စွတ်စင်တာမှာ သေဆုံးတာဖြစ်တယ်၊ ကျန်သံသယလူနာ ၁၁ ဦးကတော့ အိမ်မှာသေဆုံးကြတာဖြစ်တယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဇူလိုင်လ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကိုဗစ် Positive လူနာ ၉၁ ဦးနှင့် သံသယလူနာ (၄၂၁) ဦး စုစုပေါင်း (၅၁၂) ဦး သေဆုံးပြီဟု သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်မှုမှာလည်း ဆက်လက်ရင်ဆင်နေရဆဲသည်ဟု သိရသည်။

 
 

 

 

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...