သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်လောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒူးရင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမင်းဟာ နေအိမ်ရှိ ဈေးဆိုင်မှာ ဈေးထွက်ရောင်းစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့်လာရောက်ပြီး ပစ်သတ်သွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ သိရသလောက်ကတော့ အုပ်ချုပ်ရေးမှူးက နေအိမ်မှာ ဈေးဆိုင်ဖွင့်ထားတယ်၊ ဈေးလာဝယ်တဲ့သူ ၂  ဦးက ပိုက်ဆံပေးတဲ့အချိန်မှာ သေနတ်နဲ့ ပစ်သတ်သွားတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အသက် ၅၆ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးလှမင်းဟာ ဦးခေါင်း၊ ရင်ဘတ်နဲ့ ဗိုက်တွေမှာ သေနတ်ဒဏ်ရာရတွေရရှိပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သထုံမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်း သေနတ်နဲ့ ပစ်သတ်ခံထားရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဝင်းစိုးမြင့်ကို အမည်မသိ သေနတ်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းမအလယ်မှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ။

မွန်ပြည်နယ်မှာတော့ အခုအခါ သေနတ်နဲ့ပစ်သတ်ခံရလို့ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ၃ ဦးထိ သေဆုံးထားပါတယ်။

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...