ဖာပွန်ဒေသတိုက်ပွဲကြောင့် ကရင်စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေး

ဖာပွန်ဒေသတိုက်ပွဲကြောင့် ကရင်စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေး

ဖာပွန်ဒေသတိုက်ပွဲကြောင့် မြိုင်ကြီးငူနဲ့ ကမမောင်းဘက်ကို တိမ်းရှောင်ထွက်ပြေးလာရတဲ့ ဖာပွန်စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ကိုပြန်နိုင်ဖို့က အချိန်ကြာမြင့်ဦးမှာဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်ပြည်နယ် ဖာပွန်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတဲ့အတွက်ကြောင့် စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးက လက်ရှိမှာ မဖြစ်နိုင်သေးပဲ အချိန်ကြာဦးမှာဖြစ်တယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

"ရွာပြန်ဖို့က အခြေအနေမဖြစ်ဘူး။ ပြန်ဖို့က ဘယ်လွယ်မလဲ။ လွယ်ဖို့နည်းလမ်းမရှိသေးဘူး။ အခုလူသွားလာလို့မရပဲဟာ။ လမ်းပြန်ဖွင့်ပေးမယ့် ပြန်ပိတ်တာပဲ" လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

လတ်တလော ဖာပွန်ဒေသဘက်မှာ KNLA တပ်ဖွဲ့နဲ့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားခဲ့တဲ့အပြင် မိုးတွင်းကာလလည်း ရောက်ပြီးဖြစ်တဲ့အတွက် ပြန်ဖို့က အချိန်ကြာဦးမှာဖြစ်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖာပွန်မြို့နယ် ကူးဆိပ်ကျေးရွာမှာ KNLA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံလူနေအိမ် ၄ လုံးခန့် မီးရှို့ဖျက်ဆီးခံနေရပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံလူထုနေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ မကြာခဏဆိုသလို ပစ်ခတ်လေ့ရှိတာပါ။

နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်တဲ့အပြင် ပြန်ဖို့ကလည်း အခုအခြေအနေမှာ ဘယ်လိုမှမဖြစ်နိုင်သေးဘူးလို့ မြိုင်ကြီးငူဒေသမှာ စစ်ရှောင်လာတဲ့ ဖာပွန်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖာပွန်ခရိုင် ကမမောင်းမြို့နဲ့ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသဘက်မှာ တိမ်းရှောင်ရောက်ရှိလာတဲ့ ဖာပွန်စစ်ရှောင် ဒေသခံဦးရေက ၅၀၀၀ ကျော်အထိရှိနေတယ်လို့လည်း စစ်ရှောင်အရေး အကူအညီပေးနေသူတွေထံကနေ သိရပါတယ်။

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...