မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆၀ ကျော်ရှိ

မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆၀ ကျော်ရှိ

မိုးညှင်းမြို့တွင် တစ်ပတ်အတွင်း ပိုး‌တွေ့အတည်ပြုလူနာပေါင်း ၁၆၀ ကျော်ရှိလာပြီဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်တည်း ပိုးတွေ့လူနာ ၉၀ ဦးရှိခဲ့ပြီး တစ်ပတ်အတွင်း အတည်ပြုလူနာ ၁၆၂ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

"ခုချိန်မှာ အချင်းချင်းကူပေးဖို့ကလည်း မလွယ်တော့ဘူး။ ပရဟိတာတွေလည်း မနိုင်တဲ့အထိ ဖြစ်လာပြီ။ စားဖို့သောက်ဖို့ခက်ခဲတာတစ်မျိုး ဒီထက်မဆိုးအောင် ဆုတောင်းရုံဘဲရှိတော့တယ်" ဟု မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။

မိုးညှင်းမြို့တွင် ပိုးကူးစက်မှု များလာသောကြောင့် ဇူလိုင်လ ၂၁ ရက်နေ့မှစကာ ဈေးဆိုင်အများအပြား ပိတ်လာကြကြောင်း သိရသည်။

လက်ရှိ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ပိုးကူးစက်မှု ၃၁၉ ဦးထိရှိလာကာ သေဆုံးသူ (၁) ဦးရှိပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုစာရင်းအတိအကျကို မသိရပေ။

August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...
August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...