မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆၀ ကျော်ရှိ

မိုးညှင်းမြို့တွင် တပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆၀ ကျော်ရှိ

မိုးညှင်းမြို့တွင် တစ်ပတ်အတွင်း ပိုး‌တွေ့အတည်ပြုလူနာပေါင်း ၁၆၀ ကျော်ရှိလာပြီဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့ တစ်ရက်တည်း ပိုးတွေ့လူနာ ၉၀ ဦးရှိခဲ့ပြီး တစ်ပတ်အတွင်း အတည်ပြုလူနာ ၁၆၂ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

"ခုချိန်မှာ အချင်းချင်းကူပေးဖို့ကလည်း မလွယ်တော့ဘူး။ ပရဟိတာတွေလည်း မနိုင်တဲ့အထိ ဖြစ်လာပြီ။ စားဖို့သောက်ဖို့ခက်ခဲတာတစ်မျိုး ဒီထက်မဆိုးအောင် ဆုတောင်းရုံဘဲရှိတော့တယ်" ဟု မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။

မိုးညှင်းမြို့တွင် ပိုးကူးစက်မှု များလာသောကြောင့် ဇူလိုင်လ ၂၁ ရက်နေ့မှစကာ ဈေးဆိုင်အများအပြား ပိတ်လာကြကြောင်း သိရသည်။

လက်ရှိ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ပိုးကူးစက်မှု ၃၁၉ ဦးထိရှိလာကာ သေဆုံးသူ (၁) ဦးရှိပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုစာရင်းအတိအကျကို မသိရပေ။

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...