အကြမ်းဖက်စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းမမိတဲ့အတွက် ၈ တန်းကျောင်းသူအပါအဝင် သားနဲ့ဇနီးကို ဖမ်းဆီး

အကြမ်းဖက်စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းမမိတဲ့အတွက် ၈ တန်းကျောင်းသူအပါအဝင် သားနဲ့ဇနီးကို ဖမ်းဆီး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေက ဇူလိုင် ၂၀ ရက်၊ မနက်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ကို လာရောက်ရှာဖွေဖမ်းဆီးရာမှာ မတွေ့တဲ့အတွက် ဇနီး၊ သားနဲ့သမီးပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက မဇ္စျိမကိုပြောပါတယ်။

ဦးကျော်စိုးနိုင်ဟာ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းအထုတ်ခံထားရသူဖြစ်ပြီး ဒီနေ့မှာ သူတို့မိသားစုတွေ တိမ်းရှောင်နေတဲ့ မြစ်သားမြို့နယ်၊ ရွှေကြာအင်းကျောင်းတိုက်ကို အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာတော့ ဦးကျော်စိုးနိုင်ကို မတွေ့တဲ့အတွက် ဇနီးဖြစ်သူ ဒေါ်စုစုဌေး၊ သားဖြစ်သူ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား ကိုကောင်းမြတ်နိုင်နဲ့ ၈ တန်းကျောင်းသူ မမေထူးနိုင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာလည်းဖြစ်ပါတယ်။

"အခုက တိမ်းရှောင်နေရင်း တစ်စုံတစ်ယောက်က ဒလန်လုပ် တိုင်ကြားလို့ မိသွားတာပါ" လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင် ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကလည်း "မတရားလည်း အာဏာလုယူတယ်။ ပြည်သူတင်မြှောက်တဲ့ အမတ်တယောက်ကို ဖမ်းမမိတာနဲ့ပဲ မိသားစု ဖမ်းတယ်ဆိုကတည်းက ဒီနိုင်ငံမှာ ဥပဒေမရှိတော့ဘူး။ ဥပဒေအထက်မှာ စစ်ကောင်စီရှိနေတယ်ဆိုတဲ့သဘောပဲ။ ဒါဟာ မတရားမှုဖြစ်တဲ့အတွက်ကြောင့် အမြန်ဆုံးပြန်လွတ်ပေးပါလို့ တောင်းဆိုလိုတယ်။ သူတို့မှာ ဘာအပြစ်မှ မရှိဘူး။ပြည်သူတင်မြောက်လို့ အမတ်အဖြစ်ရွေးချယ်ခံတာနဲ့ ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတယ် လွှတ်တော်အမတ် မမိလို့ သူသားသမီးဖမ်းတယ်ဆိုတာ အဓိပ္ပါယ်ကိုမရှိဘူး" လို့ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၂၁ ရက်နေ့အထိ ဖမ်းဆီးခံထားရသူတွေနဲ့ အဆက်အသွယ်မရရှိသေးတဲ့အတွက် မိသားစုဝင်တွေအနေနဲ့လည်း စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

အလားတူဖြစ်ရပ်မျိုး မိုးကုတ်မြို့မှာလည်း ပြီးခဲ့တဲ့လပိုင်းက ဖြစ်ပွားခဲ့ပါသေးတယ်။ မိုးကုတ် သပိတ်ခေါင်းဆောင် ဦးစိုးဌေးကို မတွေ့တဲ့အတွက် မိသားစုဝင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါသေးတယ်။

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...