စစ်တွေမှ ပလက်ဝမြို့ကို ပြန်ခေါ်ဆောင်လာသော ချင်းလူငယ် ၅ ဦး ပြန်မလွတ်သေး

စစ်တွေမှ ပလက်ဝမြို့ကို ပြန်ခေါ်ဆောင်လာသော ချင်းလူငယ် ၅ ဦး ပြန်မလွတ်သေး

မေလ ၂၈ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်သွားခြင်းခံရသော ပလက်ဝမြို့မှ ချင်းလူငယ် ၅ ဦးအား ပလက်ဝရဲစခန်းမှ စစ်တွေမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ဇူလိုင်လ ၁၁ ရက်နေ့က ပလက်ဝသို့ ပြန်ခေါ်လာခဲ့ကြသော်လည်း ယနေ့အချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိဘဲ ပလက်ဝအချုပ်ခန်းတွင် ရှိနေကြောင်း သိရသည်။

"ဒီနေ့ ရုံးထုတ်မယ်ပြောတယ်။ ဒါပေမယ့် ကျွန်တော်လည်း ဘာသတင်းမှမကြားသေးဘူး။ ဘယ်လောက်ကြာကြာဖမ်းထားမလဲမသိဘူး။ စိတ်မကောင်းဘူး" ဟု အဖမ်းခံရသူများထဲမှ မိသားစုဝင်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

မေလ ၂၈ ရက်နေ့ မနက်ပိုင်းက ပလက်ဝမြို့တွင်း ဗုံးနှစ်လုံးပေါက်ကွဲပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်နေထိုင်သော ချင်းအမျိုးသား ၂၁ ဦးခန့်အား စစ်ကောင်စီမှ စစ်ဆေးရန် ရဲစခန်းသို့ခေါ်သွားကြပြီး ၎င်းတို့အနက် အိုက်ထွန်းမင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ဦးရာကျော် (NGO) နှင့် ကိုအောင်ထွန်းစိုးတို့ ၅ ဦးကို ပုဒ်မ ၅၀၅ နဲ့ စွပ်စွဲဖမ်းဆီးထားကာ ယနေ့အထိ ပြန်မလွတ်ပေးသေးခြင်းဖြစ်သည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...