စစ်တွေမှ ပလက်ဝမြို့ကို ပြန်ခေါ်ဆောင်လာသော ချင်းလူငယ် ၅ ဦး ပြန်မလွတ်သေး

စစ်တွေမှ ပလက်ဝမြို့ကို ပြန်ခေါ်ဆောင်လာသော ချင်းလူငယ် ၅ ဦး ပြန်မလွတ်သေး

မေလ ၂၈ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်သွားခြင်းခံရသော ပလက်ဝမြို့မှ ချင်းလူငယ် ၅ ဦးအား ပလက်ဝရဲစခန်းမှ စစ်တွေမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ဇူလိုင်လ ၁၁ ရက်နေ့က ပလက်ဝသို့ ပြန်ခေါ်လာခဲ့ကြသော်လည်း ယနေ့အချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိဘဲ ပလက်ဝအချုပ်ခန်းတွင် ရှိနေကြောင်း သိရသည်။

"ဒီနေ့ ရုံးထုတ်မယ်ပြောတယ်။ ဒါပေမယ့် ကျွန်တော်လည်း ဘာသတင်းမှမကြားသေးဘူး။ ဘယ်လောက်ကြာကြာဖမ်းထားမလဲမသိဘူး။ စိတ်မကောင်းဘူး" ဟု အဖမ်းခံရသူများထဲမှ မိသားစုဝင်တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။

မေလ ၂၈ ရက်နေ့ မနက်ပိုင်းက ပလက်ဝမြို့တွင်း ဗုံးနှစ်လုံးပေါက်ကွဲပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင်နေထိုင်သော ချင်းအမျိုးသား ၂၁ ဦးခန့်အား စစ်ကောင်စီမှ စစ်ဆေးရန် ရဲစခန်းသို့ခေါ်သွားကြပြီး ၎င်းတို့အနက် အိုက်ထွန်းမင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ဦးရာကျော် (NGO) နှင့် ကိုအောင်ထွန်းစိုးတို့ ၅ ဦးကို ပုဒ်မ ၅၀၅ နဲ့ စွပ်စွဲဖမ်းဆီးထားကာ ယနေ့အထိ ပြန်မလွတ်ပေးသေးခြင်းဖြစ်သည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...