မြစ်ကြီးနားတွင် ရက်သပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူပိုများလာ

မြစ်ကြီးနားတွင် ရက်သပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူပိုများလာ

မြစ်ကြီနားမြို့တွင် ဇူလိုင်လလယ်ခန့်ကစတင်ပြီး တပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူ အလွန်များလာကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ ဇူလိုင် ၂၀ ရက် တစ်ရက်တည်းတွင် မြစ်ကြီးနား ပြည်သူ့ဆေးရုံမှ ကိုဗစ်လူနာ ၅ ဦး သေဆုံးသွားကြောင်း ပေးဆပ်သူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီကနေ့မနက်တောင် သေဆုံးသူ ၅ ဦးရှိသွားပြီ။ ဆေးရုံကနေ ကိုဗစ်အတည်ပြုလူနာတွေဘဲ။ ကျနော်တို့ အသင်းတစ်ခုထဲတောင် မနိုင်တော့လို့ တခြားအသင်းကို အကူအညီတောင်းရတာရှိတယ်။ သေဆုံးမှုနှုန်းက တစ်ရက်ထက်တစ်ရက် ပိုများလာတယ်လို့ ပြောလို့ရတယ်။ သေဆုံးမှုတွေအထိ ဖြစ်လာတာက ဒီတစ်ပတ်အတွင်းမှ တောက်လျှောက်ဖြစ်လာတာဟုတ်တယ်။ အဲ့လိုဘဲ ကူစက်ခံထားရတဲ့သူတွေလည်း အရမ်းများလာပြီ” ဟု ပြောဆိုခဲ့သည်။

မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားလာချိန် အတည်ပြုလူနာများအနက် သေဆုံးသွားသော ၂၈ လောင်းကို ပေးဆပ်သူ လူမှုကူညီရေးအဖွဲ့မှ သဂြိုလ်ပေးခဲ့ကြောင်း ဆက်ဆိုသည်။

ဆေးရုံမတက်ဘဲ မိမိနေအိမ်တွင် ကိုဗစ်-၁၉ လက္ခာဖြင့် သေဆုံးနေသူ ၄ ဦးကို သဂြိုလ်ပေးခဲ့သည်ဟု ဧရာဝတီ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောဆိုခဲ့သည်။

“ကျနော်တို့အဖွဲ့အစည်းက အကူအညီတောင်းလို့ သွားရောက်သဂြိုလ်ပေးခဲ့တာက အခုဆို ၄ ယောက်လောက်ရှိသွားပြီ။ ဒါက ဆေးရုံကမဟုတ်ဘူး။ ရပ်ကွက်တွင်မှာ ကိုဗစ်လက္ခာပြပြီး ဆုံးသွားတဲ့သူတွေပါ။ ကျတို့က ကိုဗစ်လက္ခဏာပြတဲ့သူတွေကို ဆေးရုံကိုပို့ပေးတာဟုတ်တယ်။ တစ်ရက်ကို အများဆုံး ၅ ယောက်လောက်က ပုံမှန်ပို့ပေးနေရတယ်” ဟု ပြောဆိုသည်။

မြစ်ကြီးနားမြို့တွင် ရောဂါကူးစက်ခံရသူ ၂ ထောင်ကျော်ပြီဟု ခန့်မှန်းပြောဆိုနေကြသော်လည်း လက်တွေ့တွင် စာရင်းအတိအကျ ပြုစုနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

ကိုဗစ်-၁၉ ကူးစက်ခံရမှုသည် ရှက်စရာမဟုတ်ကြောင်းနှင့် အချင်းချင်း အားပေးကူညီခြင်းဖြင့်သာ ရောဂါတိုက်ထုတ်သွားရန် လူမှုစာမျက်နှာများတွင် တိုက်တွန်းမှုများရှိနေသည်။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...