အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် အလုပ်အကိုင်ပေါင်း ၁ ဒသမ ၂ သန်း ဆုံးရှုံးခဲ့ဟု ကုလအေဂျင်စီပြော

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာတွင် အလုပ်အကိုင်ပေါင်း ၁ ဒသမ ၂ သန်း ဆုံးရှုံးခဲ့ဟု ကုလအေဂျင်စီပြော

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဒုတိယသုံးလပတ်တွင် ခန့်မှန်းခြေအားဖြင့် အလုပ်အကိုင်နေရာပေါင်း ၁ ဒသမ ၂ သန်း ဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO) က ပြောသည်။

နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထိခိုက်အားနည်းမှုများ ရှိနေခဲ့ပြီးဖြစ်သည့် နိုင်ငံစီးပွားရေးမှာ အာဏာသိမ်းမှုကြောင့် တုံ့ဆိုင်းရပ်တန့်ခဲ့ရသည်။

ကုလသမဂ္ဂ အလုပ်သမားအေဂျင်စီ၏ ခန့်မှန်းတွက်ချက်မှုများအရ ယမန်နှစ် နောက်ဆုံးသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ဒုတိယသုံးလပတ်တွင် အလုပ်အကိုင်ခန့်အပ်မှုက ၆ ရာခိုင်နှုန်း ကျုံ့ဝင်ခဲ့ကြောင်း ပြသနေခဲ့ရာ ယင်းအရ အာဏာသိမ်းပြီးနောက် အလုပ်သမားဦးရေ ၁ ဒသမ ၂ သန်းကျော်တို့ ယခုအခါ အလုပ်အကိုင်မရှိတော့ဆိုသည်ကို ပြသနေကြောင်း သိရသည်။

အလုပ်အကိုင်ဆုံးရှုံးမှုများသည် ၂၀၁၉ နောက်ဆုံးသုံးလပတ်နှင့်ယှဉ်ပါက ပိုမိုကြီးမားနေပြီး လူပေါင်း ၃ ဒသမ ၂ သန်းခန့် သို့မဟုတ် အလုပ်သမားစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းသည် အလုပ်အကိုင်မရှိတော့ကြောင်း ILO ၏ ထုတ်ပြန်ချက်အရ သိရသည်။

“မြန်မာနိုင်ငံဟာ စီးပွားရေးဖိစီးမှု သောကတွေနဲ့ ကြုံတွေ့ထားခဲ့ရပြီးဖြစ်သလို ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ရလဒ်ကြောင့် အလုပ်အကိုင်တွေနဲ့ အသက်မွေးမှုတွေဟာ ခြိမ်းခြောက်ခံနေရတယ်” ဟု ILO ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Donglin Li က ပြောသည်။

“ဒါပေမယ့် ခန့်မှန်းချက်တွေအရ ယခုနှစ် ပထမနှစ်ဝက်မှာ အလုပ်အကိုင်ခန့်မှုပိုင်းမှာ ကြီးလေးပြီး မြန်ဆန်တဲ့ ယိုယွင်းဆိုးရွားမှုတစ်ခုကို ပြသနေသလို အဲဒါဟာ မြန်မာပြည်သူအများအပြားကို နက်ရှိုင်းတဲ့ ဆင်းရဲမှုအောက် တွန်းပို့နိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် နှစ်လအတွင်း ပိုမိုကူးစက်မြန်သော ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲကြောင့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လာမှုကလည်း အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးနိုင်ငံများအနက် တစ်ခုတွင် ကပ်ရောဂါ ထိန်းချုပ်မှုပိုင်းအပေါ် စိန်ခေါ်မှုများ ထပ်တိုးစေလျက်ရှိသည်။

လများစွာနှင့်ကြာ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ယင်းတို့အပေါ် စစ်တပ်ဘက်မှ လူမဆန် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများကြောင့်လည်း လုပ်ငန်းအများအပြားကို တုံ့ဆိုင်းရပ်တန့်ထားစေခဲ့သည်။

နိုင်ငံရေးအကျပ်အတည်းက ကိုဗစ်-၁၉ ၏ ကြီးလေးသည့် သက်ရောက်မှုများအပေါ် ပိုမိုဆိုးရွားစေခဲ့သလို စီးပွားရေးအပေါ် ကျယ်ပြန့်စွာ မတည်မငြိမ်ဖြစ်စေခဲ့ပြီး မျှော်မှန်းထားခဲ့သည့် စီးပွားရေးပြန်လည်နာလန်ထူမှုကိုလည်း ရပ်တန့်စေခဲ့ကြောင်း အလုပ်သမားအေဂျင်စီက ပြောသည်။

၂၀၂၁ ပထမနှစ်ဝက်အတွင်း အလုပ်အကိုင်ခန့်အပ်မှု လားရာများအရ အလုပ်အကိုင်ခန့်အပ်မှုရော၊ အလုပ်လုပ်ကိုင်မှု နာရီများတွင်ပါ အတော်အသင့် ဆုံးရှုူံးမှုများရှိခဲ့သည်ကို ပြသနေပြီး အမျိုးသားများထက်စာရင် အမျိုးသမီးများက ပိုမိုထိခိုက်မှုများ ခံစားထားခဲ့ရသည်ဟု ခန့်မှန်းရသည်။

နိုင်ငံစီးပွားရေး၏ ကဏ္ဍအားလုံး ထိခိုက်သက်ရောက်ခံထားရပြီး ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ခံကြိုဆိုရေးလုပ်ငန်းကဏ္ဍများက ထိခိုက်မှုအများဆုံးဖြစ်ခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်တွင် အလုပ်အကိုင်ခန့်အပ်မှုပိုင်းတွင် ၃၅ ရာခိုင်နှုန်း၊ ၃၁ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းစီဖြင့် အသီးသီးကျဆင်းထားခဲ့ကြောင်း အေဂျင်စီ၏ အစီရင်ခံစာအရ သိရသည်။

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...