လပွတ္တာမြို့ အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးပေါက်ကွဲ

လပွတ္တာမြို့ အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးပေါက်ကွဲ

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ အမှတ် (၅) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက် ၆ နာရီခွဲအချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။  

“ဗုံးကတော့ တစ်လုံးပဲပေါက်တာ အသံအကျယ်ကြီးကြားလိုက်ရတယ်၊ မနက်အစောကြီးဆိုတော့ လန့်တောင်နိုးတယ်” ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါဗုံးဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ခြံအပြင်ဘက်လမ်းမ ပလက်ဖောင်းပေါ်တွင် ပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဟု ဆိုသည်။

အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ၂၀၁၅ ခုနှစ်ကတည်းက အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကာ လက်ရှိ အာဏာသိမ်းကာလအထိ အုပ်ချုပ်ရေးမှူးဆက်လုပ်နေသည့်အတွက် ဒလန်ဟု သတ်မှတ်ခံထားရသည်ဟု ဒေသခံကဆိုသည်။

ပေါက်ကွဲမှုဖြစ်စဉ်နေရာသို့ အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့် ရဲသားများ လာရောက်စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...