ကျောင်းသားရေး တက်ကြွလှုပ်ရှားသူ နိုင်ကျဉ်းဟောင်း ကိုတင်ထွဋ်ပိုင် ဖမ်းဆီးခံရ

ကျောင်းသားရေး တက်ကြွလှုပ်ရှားသူ နိုင်ကျဉ်းဟောင်း ကိုတင်ထွဋ်ပိုင် ဖမ်းဆီးခံရ

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုတင်ထွဋ်ပိုင်နှင့် ကိုအောင်မင်းဦးတို့ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များက မနေ့က ဇူလိုင်လ ၁၈ ရက်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြိုနယ်၊ သဇင်မြိုင်လမ်း၊ အိမ်အမှတ် (၅၂/အေ)၊ ဒုတိယထပ်တွင် ကိုတင်ထွဋ်ပိုင်နှင့်အတူ ကိုအောင်မင်းဦးတို့ကို စစ်ကောင်စီလက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးမိရာတွင် ပစ္စတို (၁) လက်၊ ကျည်အတောင့် ၃၀၊ လက်လုပ်ဗုံးနှင့်အတူ ဖမ်းမိသည့်ဟု လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသည်။

ယခုလို ကိုတင်ထွဋ်ပိုင် ဖမ်းဆီးခံရမှုအပေါ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအများစုက ဝမ်းနည်းစိတ်မကောင်းကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြကြသည်။

“အရင်က အမိုက်အမဲကာလမှာ ဝေဖန်ရေးထိထိရောက်ရောက်ပေးပြီး ပြုပြင်စေခဲ့တဲ့ အကိုကြီးတယောက်လို ချစ်ခင်ရပါတယ်ဗျာ၊ ကာလကြာရှည် ရှိခဲ့ရတဲ့အချိန်တွေမှာလည်း သင်ယူစရာတွေ အများကြီးပေးခဲ့တဲ့ ရဲဘော်ကြီးတယောက်ကို အခုလို ဖြစ်သွားရတဲ့အတွက် ပြောမတတ်အောင် စိတ်ထိခိုက်နာကျင်ရပါတယ် အကိုရေ.........၊ " ဒီတိုက်ပွဲပြီးရင် ပြန်ဆုံကြတာပေါ့ " ဆိုတဲ့ စကားကို အမြဲသတိတရ ရှိနေပါတယ် အကို။ " စစ်သုံးစစ်အမြစ်ပြတ်ရေး ရရာနည်းနှင့် အခြေအနေပေးရင် ပေးသလို တော်လှန်ပါ ရဲဘော် " လို့ နောက်ဆုံး ပြောဖူးခဲ့တဲ့ စကားကိုလည်း အလေးအနက်ထား အမှတ်ရနေပါမယ် အကိုကြီးရယ်” ဟု ကျောင်းသားတက်ကြွလှုပ်ရှားသူတစ်ဦးက သူ့လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ကိုတင်ထွဋ်ပိုင်ကို အကြမ်းဖက်စစ်ကောင်စီက ဝရမ်းထုတ်ကာ လိုက်ဖမ်းနေခြင်းဖြစ်ပြီး ဖမ်းမမိသည့်အတွက် မိခင်ဖြစ်သူ ဒေါ်မိငယ်ကို မေလ ၂ ရက်နေ့က နေအိမ်ကို စစ်ကောင်စီလက်နက်ကိုင်များ ဝင်ရောက်ရိုက်နှက်ကာ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ထားသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...