ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်နိုင်တဲ့ပုဒ်မနဲ့ စွဲချက်တင်အမိန့်ချ

ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်နိုင်တဲ့ပုဒ်မနဲ့ စွဲချက်တင်အမိန့်ချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ သဘာပတိ ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နဲ့ ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်တရားရုံးမှာ စွဲချက်တင် အမိန့်ချမှတ်လိုက်တာပါ။

ဦးဝင်းထိန်ကို အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် နေပြည်တော် ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက တရားလိုပြုလုပ်ပြီး တရားစွဲထားတာဖြစ်ပါတယ်။

“ဘဘကို တရားသူကြီးက အပြစ်ရှိလား၊ မေးတယ်၊ ဘဘက အပြစ်မရှိဘူးလို့ ပြန်ဖြေခဲ့တယ်” လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။

အဲဒီအတွက်ကြောင့် တရားသူကြီးကတော့ ဘာကြောင့် အပြစ်မရှိတာလဲလို့ ပြန်မေးခဲ့ပါတယ်။

ဦးဝင်းထိန်က နိုင်ငံတော်အာဏာယူထားတဲ့ ပါတီကြီးတစ်ခုရဲ့ သဘာပတိအနေနဲ့ ရုတ်တရက်ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ သူတာဝန်ရှိသူတယ်လို့ယူဆပြီး ပြောသင့်ပြောထိုက်တဲ့စကားကို ပြောခဲ့တာဖြစ်ပြီး၊ ပါတီရဲ့သဘောထားကို မဲဆန္ဒရှင်တွေသိစေချင်တဲ့ဆန္ဒနဲ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်တာကြောင့် အပြစ်မရှိဘူး ငြင်းချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

စွဲချက်တင် အမိန့်ချမှတ်ခဲ့တဲ့အတွက်ကြောင့် လာမယ့် ဇူလိုင် ၃၀ ရက်နေ့ ရုံးချိန်းမှာ စွပ်စွဲခံရသူ ဦးဝင်းထိန်ကို စစ်ဆေးသွားဖို့ ရှိနေပါတယ်။

ဦးဝင်းထိန်ကို စွဲတင်ချက်ထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စီမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) ဟာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုဖြစ်ပါတယ်။

 
 

 

 

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...