လှိုင်အမတ် ဦးအောင်ကျော်ကျော်ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

လှိုင်အမတ် ဦးအောင်ကျော်ကျော်ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD ပါတီဝင် ဦးကျော်ကျော်ဦးကို Retay X Treme ၉ မမ ပစ္စတိုတစ်လက်၊ ကျဉ်အိမ်ခွံတစ်ခုနဲ့ ကျဉ် ၂၅ တောင့်၊ မှတ်ပုံတင်အတုတစ်ခုနဲ့အတူ ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းက မြောက်ဒဂုံမြို့နယ်မှာ ဖမ်းဆီးရရှိခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဇူလိုင်လ ၁၆ ရက်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု အိုးအိမ်မှတ်တိုင်အနီးမှာ လှိုင်မြို့နယ် NLD လူငယ်ပါတီဝင်နဲ့ လှိုင် PDF အဖွဲ့ဝင် ဦးထက်အောင်မင်းကို ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်အဖြစ် ဦးအောင်ကျော်ကျော်ဦးနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိုးမြင့်လှိုင်တို့ ထပ်မံဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ကွင်းဆက်စစ်ဆေး ထပ်မံခြေရာခံရာ ဆက်စပ်သူ ၁၄ ဦးကို လက်နက်တွေနဲ့အတူ ထပ်မံဖမ်းဆီးရရှိခဲ့တာ ဖြစ်တဲ့အတွက် ကွင်းဆက်အမှုတစ်ခုကနေ စုစုပေါင်း လူ ၁၇ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ လှိုင်မြို့နယ် PDF တပ်ဖွဲ့ဟာ လှိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်း ပစ်ခတ်၊ ဖောက်ခွဲတိုက်ခိုက်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ဒါ့အပြင် ဦးအောင်ကျော်ဦးဟာ People’s security committee (PSC) ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လှိုင်မြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနဲ့ မင်္ဂလာဒုံမြို့နယ်အတွင်းက ဗုံးဖောက်ခွဲမှုတွေကို နောက်ကွက်က အဓိက ကူညီပံ့ပိုးနေသူဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...