မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ကိုဗစ်ရောဂါပိုး အစုံအလိုက်အပြုံအလိုက် ကူးစက်ခံနေရ

မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ကိုဗစ်ရောဂါပိုး အစုံအလိုက်အပြုံအလိုက် ကူးစက်ခံနေရ

မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ကိုဗစ်ရောဂါပိုး အစုံအလိုက်အပြုံအလိုက် ကူးစက်ခံနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံရအနေနဲ့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးတစ်ခုတည်းမှာပဲ ရဲတပ်ဖွဲ့ဝင် ၅၀ ထက်မနည်း ကူးစက်ခံထားရပါတယ်။

“ပြည်နယ်ရဲရုံးမှာက နေ့တိုင်းနီးပါး ကူးစက်ခံရတာ၊ ရဲတပ်သားကနေ ရဲမှူးအဆင့်တွေအထိ ကူးစက်ခံနေရတာ၊ အခုဆိုရင် ၅၀ ကျော်ပြီ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဒါအပြင် မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မြို့နယ်ရဲမှူးအပြင် ရဲစခန်းအားလုံးနီးပါးမှာလည်း ကိုဗစ်အတည်ပြုလူနာတွေ ရှိနေတာပါ။

ရဲတပ်ဖွဲ့ဝင်တွေမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုတွေ ရှိပေမယ့် ရဲစခန်းနဲ့ ရဲတပ်ဖွဲ့ရုံးတွေကို အသွားအလာကန့်သတ်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်အချို့ဟာ မော်လမြိုင်မြို့ပေါ် ရပ်ကွက်အချို့မှာ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေတဲ့အတွက်ကြောင့် ကိုဗစ်ရောဂါပိုးကူးစက်မှုတွေ ထပ်ရှိလာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...