ဗန်းမောက်မြို့နယ်တွင် Covid-19 လူနာ (၈၇) ဦး သက်သာလာ၍ ဆေးရုံဆင်း

ဗန်းမောက်မြို့နယ်တွင် Covid-19 လူနာ (၈၇) ဦး သက်သာလာ၍ ဆေးရုံဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် အတည်ပြုလူနာ (၈၇) ဦး ပြန်လည်သက်သာလာပြီးနောက် ၎င်းတို့ကို ဆေးရုံဆင်းခွင့်ပေးခဲ့ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရသူများတွင် စတင်ကူးစက်ခဲ့သည့် ပန်းသတင်း KTV မှ ဝန်ထမ်းများနှင့် ရဲတပ်သားများ ပါဝင်ကြသည်။

ဗန်းမောက်မြို့တွင် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကူးစက်လူနာ ၂၉၈ ဦးထိရှိခဲ့ပြီး သေဆုံးသူ တစ်ဦးတစ်ယောက်မျှမရှိသေးကြောင်း သိရသည်။

အတည်ပြုလူနာများကို ဗန်းမောက်ဆေးရုံ အဟောင်း/အသစ်၊ အောင်သာကုန်းရိပ်သာ၊ နတလ ကျောင်းတို့မှာ ထားရှိကုသနေသည်။

၎င်းတို့သည် ဆရာဝန်၊ သူနာပြုများ မလုံလောက်မှုများ၊ စေတနာဝန်ထမ်း နည်းပါးမှုများ ကြုံတွေ့နေရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...