ဗန်းမောက်မြို့နယ်တွင် Covid-19 လူနာ (၈၇) ဦး သက်သာလာ၍ ဆေးရုံဆင်း

ဗန်းမောက်မြို့နယ်တွင် Covid-19 လူနာ (၈၇) ဦး သက်သာလာ၍ ဆေးရုံဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် အတည်ပြုလူနာ (၈၇) ဦး ပြန်လည်သက်သာလာပြီးနောက် ၎င်းတို့ကို ဆေးရုံဆင်းခွင့်ပေးခဲ့ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရသူများတွင် စတင်ကူးစက်ခဲ့သည့် ပန်းသတင်း KTV မှ ဝန်ထမ်းများနှင့် ရဲတပ်သားများ ပါဝင်ကြသည်။

ဗန်းမောက်မြို့တွင် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကူးစက်လူနာ ၂၉၈ ဦးထိရှိခဲ့ပြီး သေဆုံးသူ တစ်ဦးတစ်ယောက်မျှမရှိသေးကြောင်း သိရသည်။

အတည်ပြုလူနာများကို ဗန်းမောက်ဆေးရုံ အဟောင်း/အသစ်၊ အောင်သာကုန်းရိပ်သာ၊ နတလ ကျောင်းတို့မှာ ထားရှိကုသနေသည်။

၎င်းတို့သည် ဆရာဝန်၊ သူနာပြုများ မလုံလောက်မှုများ၊ စေတနာဝန်ထမ်း နည်းပါးမှုများ ကြုံတွေ့နေရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...