ဧရာဝတီတိုင်းအတွင်းက မြို့အချို့မှာ မီတာခမပေးတဲ့အိမ်တွေကို စစ်ကောင်စီက မီးလိုက်ဖြတ်

ဧရာဝတီတိုင်းအတွင်းက မြို့အချို့မှာ မီတာခမပေးတဲ့အိမ်တွေကို စစ်ကောင်စီက မီးလိုက်ဖြတ်

တီတိုင်းအတွင်းရှိ ငပုတော၊ ပန်းတနော်၊ ဘိုကလေး၊ ကျောင်းကုန်းမြို့နယ်တွေမှာ မီတာခမပေးဆောင်တဲ့အိမ်တွေကို စစ်ကောင်စီရဲ့လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက ရဲနဲ့စစ်သားပါအစောင့်ခေါ်ယူပြီးတော့ မီးလိုက်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်တိုင်းကိုဖြတ်တာမဟုတ်ဘူး။ လမ်းထဲမှာ မဆောင်တဲ့အိမ်တွေ အများကြီးပဲ။ ကျွန်တော့်အိမ်တစ်အိမ်ထဲကို ရွေးဖြတ်သွားတယ်၊ မီတာက တိုင်ပေါ်ကနေ အိမ်ကိုပြန်ပြောင်းထားပြီးသားကို အိမ်ထဲအထိဝင်ပြီးတော့ ကြိုးတွေကိုဖြုတ်သွားတယ်၊ ကိုဗစ်အချိန်မို့ အိမ်ထဲအဝင်မခံပါဘူးဆိုတာကို မရဘူး။ ရဲအစောင့်ပါလာတယ်” လို့ မီးဖြတ်ခံခဲ့ရတဲ့ ငပုတောမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘိုကလေးမြို့နယ် မြင်းကကွင်းကျေးရွာမှာလည်း ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေပါ လိုက်ပါပြီးတော့ မီတာခ မပေးဆောင်တဲ့နေအိမ်တွေကို အိမ်တွေထဲထိ လိုက်လံကာ တောင်းယူမှုတွေလုပ်ဆောင်ခဲ့ပြီး မပေးဆောင်တဲ့အိမ်တွေကို မီးဖြတ်မယ်လို့ လိုက်လံပြောကြားသွားခဲ့ပါတယ်။

ပန်းတနော်နဲ့ ကျောင်းကုန်းမြို့တွေမှာလည်း စစ်ကောင်စီက ရပ်ကွက်တွေထဲထိလိုက်လံကာ ဧပြီကုန်အထိ မီတာခမပေးဆောင်ထားတဲ့ နေအိမ်တွေကို မီးစတင်ဖြတ်မယ်လို့ လိုက်လံပြောကြားမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...