ဗုံးပေါက်ကွဲမှုများကို "ဒလန် မီဒီယာ" များ ပုံကြီးချဲ့ရေးကြောင်း စစ်ကောင်စီဆို

ဗုံးပေါက်ကွဲမှုများကို "ဒလန် မီဒီယာ" များ ပုံကြီးချဲ့ရေးကြောင်း စစ်ကောင်စီဆို

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဗုံးပေါက်ကွဲမှု လျော့နည်းသွားသော်လည်း မီဒီယာများ ပုံကြီးချဲ့ရေးနေကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ နေပြည်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “တချို့မီဒီယာတွေရဲ့ ထူးခြားချက်ကို ပြောပြပါမယ်။ ဒလန်မီဒီယာပေါ့နော်။ အရင်က ဗုံးပေါက်တာ ဆယ်ကြိမ်အထက်ရှိတယ်။ သူတို့သိပ်မရေးဘူး။ ဆန္ဒပြပွဲတွေရှိလို့။ အခုအချိန်မှာတော့ ဆယ်ကြိမ်အောက်ရှိတယ်။ အခုအချိန်မှာ ပုံကြီးချဲ့နေတာပေါ့” ဟု သတင်းစာရှင်လင်းပွဲတွင် ပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်များကို ဦးတည်တိုက်ခိုက်သော ဗုံးဖောက်ခွဲမှုများ လုပ်လျက်ရှိသလို သတင်းပေးဒလန်များ အသတ်ခံရမှုများလည်း ရှိကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တို့တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းကာ စစ်တပ်နှင့် ရဲများအား တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ တိုက်ခိုက်မှုတို့ကြောင့် စစ်ကိုင်းတိုင်း ကသာမြို့တွင် ဇူလိုင် ၅ ရက်နေ့မှသည် ဇူလိုင် ၉ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ထိ သေဆုံးခဲ့သည်ဟု PDF က ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အချို့မီဒီယာများအား ပုံကြီးချဲ့‌ရေးသားလွန်းကြောင်း ထပ်သုံးနှုန်းကာ စစ်တပ်က အောင်စီဂျင်များမသိမ်းသည့်အပြင် လှူတန်းမှုပင်ပြုနေကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

လက်ရှိတွင် ကိုဗစ်-၁၉ လူနာများအတွက် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုနှင့် လိုအပ်ချက်ကွာဟမှု ကြီးမားနေသော အောင်စီဂျင်ရောင်းချမှုများအား ကိုဗစ်-စင်တာများနှင့် ဆေးရုံများသို့သာ ဦးစားပေးကာ တသီးပုဂ္ဂလအလိုက်ရောင်းချမှု ကန့်သတ်ထားသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...