တမူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၆) ဦး ထပ်မံစစ်ဆေးတွေ့ရှိပြီး အတည်ပြုလူနာဟောင်းများအနက် (၃၀)ဦး ဆေးရုံမှဆင်းခွင့်ပြု

တမူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၆) ဦး ထပ်မံစစ်ဆေးတွေ့ရှိပြီး အတည်ပြုလူနာဟောင်းများအနက် (၃၀)ဦး ဆေးရုံမှဆင်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ယမန်နေ့ ဇူလိုင်လ (၁၁) ရက်နေ့က ကိုဗစ်-၁၉ ရောဂါ သံသယရှိပြည်သူ (၅၈) ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိTest Kit ဖြင့်စစ်ဆေးခဲ့ရာ (၂၆) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

တမူးမြို့၊ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် (၈) နာရီမှ (၁၀) နာရီအထိ ပြည်သူ (၃၉) ဦးအား စစ်ဆေးရာ (၁၇) ဦးတို့တွင်လည်းကောင်း၊ မင်းသာကျေးရွာ တိုက်နယ်ဆေးရုံတွင် (၁) ဦးစစ်ဆေးရာ (-) ဦးတို့တွင်လည်းကောင်း၊ မြို့သစ်မြို့ တိုက်နယ်ဆေးရုံတွင် (၁၈) ဦးစစ်ဆေးရာ (၉) ဦးတို့တွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တမူးခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာများတွင် တမူးမြို့ ပြည်သူ့ဆေးရုံမှ (၂၈) ဦး၊ မင်းသာကျေးရွာ

တိုက်နယ်ဆေးရုံမှ (၂) ဦး၊ မြို့သစ်မြို့ တိုက်နယ်ဆေးရုံမှ (-) ဦး စုစုပေါင်း (၃၀) ဦးတို့သည် ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

တမူးခရိုင်အတွင်း ယမန်နေ့ ဇူလိုင်လ (၁၁) ရက်နေ့အထိ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား စောင့်ကြပ်ကုသမှုအနေဖြင့် တမူးမြို့ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံနှင့် အ.ထ.က (၁) ကျောင်းတို့တွင် (၂၅၃) ဦး၊ မင်းသာကျေးရွာ တိုက်နယ်ဆေးရုံတွင် (၃၄) ဦးနှင့် မြို့သစ်မြို့ တိုက်နယ်ဆေးရုံနှင့် သနန်ကျေးရွာ အ.လ.က ကျောင်းတွင် (၅၇) ဦး စုစုပေါင်း (၃၄၄) ဦးတို့သည် သက်ဆိုင်ရာဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း တမူးခရိုင် ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...