တမူးမြို့နယ် ကျွန်းပင်သာရွာမှ ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

တမူးမြို့နယ် ကျွန်းပင်သာရွာမှ ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ မင်းသာကျေးရွာအုပ်စု ကျွန်းပင်သာကျေးရွာမှ ချင်းလူငယ် ၄ ဦးကို ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိသေးကြောင်း သိရသည်။

“၉ ရက်နေ့ဖမ်းတာ၊ ဘာကြောင့်ဖမ်းလဲတော့ မသိဘူး၊ ၂ ယောက်က ရွာထဲမှာဖမ်းတာ၊ ၂ယောက်ကတော့ လယ်တောမှာ အိပ်တဲ့သူတွေပါ၊ ဖမ်းတဲ့ထဲက လူငယ် ၂ ယောက်လည်းပါတယ်၊ အခု သူတို့ကို တမူးတပ်စခန်းမှာထားတယ်၊ အရင်တုန်းကဆို ရဲစခန်းကိုလွဲတယ်၊ အခုက လွှဲပါ့မလားမသိဘူး၊ သူတို့နဲ့လည်း ဘယ်သူနဲ့မှ မတွေ့ခိုင်းဘူး၊ မနေ့က သူတို့မိသားစုဝင်တွေသွားတော့လည်း တွေ့လို့မရဘူး၊ သူတို့ကိုဖမ်းတဲ့အချိန်က ညဆိုတော့ ဘာမှလဲမတွေ့တော့ ဖမ်းတဲ့အချိန် ရိုက်နှက်လား ဆိုတာလည်း မသိရဘူး၊ အကျိုးအကြောင်းက သူတို့နဲ့တွေ့ရမှပဲ သိရမှာ၊ သူတို့က လယ်တောလုပ်တဲ့သူတွေပါ၊ ရဲကားလာတာနဲ့ သက်ဆိုင်သွားလို့ ဖမ်းဆီးခေါ်ဆောင်ခံရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဖမ်းဆီးခံရသူ (၄) ဦးမှာ ကိုဟင်လင်းမာန်၊ ဦးရမ်လင်မုံ၊ ကိုဆွန်မင်ထန်၊ ကို Lal lin san၊ တို့ဖြစ်ကြပြီး လက်ရှိတွင် ၎င်းတို့ကို တမူးမြို့ တပ်စခန်းတွင်ထားရှိသည်ဟု သိရသည်။

ကျွန်းပင်သာကျေးရွာသည် တမူးမြို့မှ ၁၉ မိုင်ခန့်ကွာဝေးပြီး ကူကီးချင်းမျိုးနွယ်စု အများဆုံးနေထိုင်ကြကြောင်း သိရသည်။

 
 

 

 

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...