ကလေးမြို့တွင် ကိုဗစ်အတည်ပြုတစ်ဦးနှင့် သံသယလူနာ ၂၃ ဦး သေဆုံး

ကလေးမြို့တွင် ကိုဗစ်အတည်ပြုတစ်ဦးနှင့် သံသယလူနာ ၂၃ ဦး သေဆုံး

ကလေးမြို့တွင် ကိုဗစ်အတည်ပြုလူနာတစ်ဦးနှင့် သံသယလူနာ (၂၃) ဦး စုစုပေါင်း (၂၄) ယမန်နေ့ (ဇူလိုင် ၁၁) ကသေဆုံးကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။

"ဒီနေ့က (၂၄) ဦး သေဆုံးတယ်။ အားလုံးက ရောဂါအခံရှိတဲ့ အသက်ကြီးပိုင်းတွေဖြစ်ကြတယ်။ Positive ကတော့ တစ်ဦးပဲရှိတယ်။ ဒီကနေ့ သေဆုံးတဲ့သူများကို သံသယလူနာလို သဂြိုလ်ပေးရတာရှိတယ်" ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteer မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် သေဆုံးသည့်သူ (၂၄) ဦးမှာ အိတ်စွတ် ကွာရန်တင်းစင်တာမှ Positive လူနာတစ်ဦးနှင့် နေအိမ်ကွာရန်တင်းများမှဖြစ်သည်ဟု သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုများလည်း ဆက်လက်ရင်ဆင်နေရဆဲဖြစ်သည်ဟု သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...